II.

722 71 13
                                    

[[ Unicode ]]

"အိမ်ပြန်လာရဲသေးတယ်နော်! "

အိမ်ဝင်ပေါက်ဝမှာတင် ကျွေးဖခင်က ဆူငေါက်သံနဲ့ ဆီးကြိုသည်။

"သားအိမ်မိုလို့ပြန်လာတာ ထူးဆန်းသွားသလား.အဖေ?"

ဂျောင်ကုကီက မိဘတွေနဲ့ဆို ဂျစ်တိဂျစ်ကန်၊ အဆိုးအဆာလေး။ မတော်ရသေးတဲ့ သူ့လင်အလျောင်းအလျာနဲ့မှသာ တဟုတ်ဟုတ်နဲ့ အလိမ္မာတုံးလေးလုပ်နေတာ။
ဒါက ကိုကြီးအတွက် သူ့ရဲ့ချွင်းချက်။

တွေ့လား? ပြောပုံက ဖြတ်ရိုက်ချင်စရာဆို !

ကိုယ်မွေးထားတဲ့သားက အဲ့လောက်ပဲဆိုးတေရလားဆိုပြီးတခါတလေ ကိုယ့်ကိုယ်ကိုပြန်မေးယူရသည့်အဖြစ်။

ဖခင်က အနေအေး.တည်ငြိမ်ပြီး လူကြီးလူကောင်းပီသသလောက် မွေးလာတဲ့ဟာလေးကျ မျိုးမစစ်လို့ထင်ချင်စရာ။ ကိုယ်နဲ့တူတဲ့အရာ ဘာမျှမရှိ။

အဲ့ဒါကြောင့် မိန်းမဖြစ်သူကို ကြားကားများဆွဲလိုက်သေးလားဆိုပြီး မယုံသင်္ကာနဲ့ ထမေးမိတော့ မစ္စတာ
ဂျွန်မင်ဟန်ခမျာ ခေါင်းရိုက်ခွဲခံလိုက်ရပါလေရော။

သားကလည်း ဆိုးသည့်အပြင် မိန်းမကလည်း ဇတ်
ဇတ်ကြဲစွာစိလန် အတော်လက်သံ ပြောင်လှသည်။

သူတို့သားအမိတွေကတော့ တထေရာတည်းပင်။
စိတ်ဓာတ်ရော ရုပ်ရည်ပိုင်းကစ ဂျွန်ဂျောင်ကုမှာ သူ့အမေအတိုင်းပုံထွင်းထုထားသလို။ မတူညီတဲ့အချက်ကတော့ရှား၏။

"Tutorial ကိုသေချာမဖြေခဲ့ဘူးဆို...မင်း စာတွေလိုက်
မလုပ်ဘူးလား? Tutoက ကယ်မှတ်နော်၊ အောင်မှတ်ရ အောင်လုပ်ပေးထားတာ...အဲ့ဒါကိုမှ ရှုံးအောင်ဖြေနေမယ်ဆို..မင်း ငါ့ကိုအဖေလို့ ဆက်ခေါ်မနေနဲ့တော့! ငါရှက်တယ်၊ ပါမောက္ခတယောက်ဖြစ်တဲ့ ငါ့ရဲ့သားက ငါနဲ့မတူဘဲ ညံ့ဖျင်းနေပြီး ဆိုးပေနေမယ်ဆို.ငါ့မျက်နှာဘယ်သွားထားရမလဲ ဟမ်!! "

ကုကီအဖေမှာ တက္ကသိုလ်ပါမောက္ခတစ်ယောက်ဖြစ်တာကြောင့် ကုကီစာမရသည့်အခါမျိုးဆို အတန်းက lecturer တွေက အဖေ့အား ပြန်တိုင်လေ့ရှိသည်။

ဒီနေ့လည်းTutoကို Short Storiesပိုင်းဖြေရာ စာ
မကျက်ထားတာကြောင့် မဖြေနိုင်ခဲ့တာမို့ အဖေက စိတ်ဆိုးပြီး ခုလို အော်ငေါက်လာတော့သည်။

TEST MY TASTE !Where stories live. Discover now