VIII.

664 60 2
                                    

[[ Unicode ]]

တာဝန်အရ ကောင်တာမှာထိုင်နေပါသော်လည်း အလုပ်အပေါ် အာရုံလားလားမျှမရှိ။ ကြက်လည်လိမ်နေသလိုဆိုင်အပြင်ဘက်ကိုသာငေးကြည့်နေတဲ့ ထယ်ယောင်းရဲ့မျက်နှာက လငပုတ်ဖမ်းထားသယောင်။ လက်နှစ်ဖက်ကိုမေး၌ထောက်ထားလျှက်၊ စုံကြုံ့ထားသော မျက်ခုံးတန်းနှစ်ဖက်သည် ထိစပ်လုနီးပါးမတတ်။

အချိန်တပတ်ကြာသောအထိတိုင် မမြင်ရ.မတွေ့ရတော့တဲ့ ကြူးစိန်ကြောင့်ဆို ပိုမှန်လေမလား။ အခါများစွာ ချောင်းပေါက်မတတ် ဆိုင်ကိုလာလွန်းသည့်အချိန်တွင်တော့ မျက်စိနောက်.နားရှုပ်ပြီး မျက်ကွယ်ပြုခဲ့ချင်ပေမဲ့ အခုများဝယ် လူပျိုကြီးတစ်ယောက် အလွမ်းနာကျလာချေပြီ။

ပြောတော့ လူကိုအပိုင်ရအောင်လုပ်မယ်လေး ဘာလေးနဲ့
သောက်ကလေးက ခုတော့ လူကိုတပတ်လှည့်ရိုက်သွားတာ။ ထယ်ယောင်းကို ဘယ်လိုတွေကြိုးကိုင်ပြီး ဘာအကွက်တွေချနေလဲဆိုတာ မသိတော့ပါ။

ထိုကလေးရဲ့ချစ်စရာကောင်းမှုတွေကို မမြင်ရတာ
ရင်မှာဟာတာတာနဲ့ ။နေလို့ထိုင်လို့ သိပ်မကောင်း။ နောက်ဆုံးတော့ သူ့နှလုံးသားနုနုလေး အပြင်းဖျားနေပါပြီ။

"ထယ်ယောင်း.ထယ်ယောင်းရေ..ဟဲ့.ကင်မ်ထယ်ယောင်း"

"အမ်..ဘာ.ဘာလဲ?"

ဆိုင်အတွက်လိုအပ်တာတွေ သွားဝယ်ရမှာမို့ ကင်မ်ထယ်ယောင်းကို စျေးသွားဖို့ခေါ်နေရတာ။ အဲ့ဒါကို သင်းစိတ်က ဘယ်တွေ လေလွင့်နေသလဲမသိပါ။ ပြီးတော့ နေနေတဲ့ပုံကလည်း မျောက်အိုကြီး မှိုင်နေသလိုပဲ။

ကင်မ်ဂျီဝန်းအော်လိုက်တော့မှ ကိုယ်တော်ချောက စိတ်နဲ့လူနဲ့ကပ်သွားတယ်။

ကြည့်ရတာ အတွေးတွေက ဘဲဥဖြူလေးဆီ ရောက်နေတာဖြစ်ရမည်။ အဲ့ဒီအကောင်ပေါက်လေးကလည်း ဆိုင်ကိုမလာတာ တပတ်လောက်ရှိပြီကိုး။ အဲ့တော့ ကင်မ်ထယ်ယောင်း မျှော်တော်ယောင်လုပ်တာလည်း မဆန်းပါဘူး။

"စျေးသွားရမယ်...အသီးအနှံတွေကုန်နေပြီ၊ အသားငါးတွေလည်း သိပ်မကျန်တော့ဘူး၊ customerတွေအတွက်
ငါတို့အမြန်လုပ်ပေးရမယ်"

TEST MY TASTE !Where stories live. Discover now