VII.

639 61 2
                                    

[[ Unicode ]]

"အာ့...ကိုကြီး..ဖြည်းဖြည်း..အင့်..နာတယ်"

ဖြူဥဥမျက်နှာထက် အနာတွေကို ဆေးထည့်ပေးနေသော
ထယ်ယောင်းလက်အား အသာအုပ်ကိုင်လိုက်ရင်း ကုကီက ရှုံ့မဲ့လို့ညည်းညူတယ်။

"ခုကျမှ နာတတ်နေပါလား...အစတည်းက မင်းမဆိုးသင့်ဘူး"

နှုတ်ခမ်းလေးတချွန်ချွန်ဖြင့်ထယ်ယောင်းက အနာစပ်လို့
အော်ညည်းနေတဲ့ကုကီမျက်နှာလေးကို ခပ်ဖွဖွလေမှုတ်ထုတ်ပေးရင်း ငြူစူစူပြောလိုက်တော့...

"ကိုကြီးကလည်း..."ဆိုပြီး သကောင့်သားက သံရှည်လေးဆွဲ အထွန့်တတ်ချင်နေပြန်သည်။

ဆေးတချက်တို့ထိပေးတိုင်း,စပ်သွားတဲ့အနာတွေကြောင့် ရှုံ့တွတွဖြစ်သွားသည့်အမူအယာလေးနှင့် တပြိုင်နက် အောက်နှုတ်ခမ်းလေးကို ဖိကိုက်လိုက်ရင်း ကြိတ်မှိတ်သည်းခံပြနေသော ဂျောင်ကုကီကြောင့် ထယ်ယောင်းမှာ အနေရခက်ခက်။

သူ၏ပြုမူပုံတွေမှာ ဆေးထည့်ပေးလို့နာနေဟန်ထက် အခြားသော အဓိပ္ပာယ်တွေငြိစွန်းနေသည့်သဏ္ဍာန်မျိုး ဖြစ်သဖြင့် မိမိ(ထယ်ယောင်း) အတွေးတွေအား မသန့်ရှင်းစေလေပြီ။

ဟန်ပန်မူယာတွေ ပိုပါဘိ။ လိုတာထက် လွန်ကြူးနေသော ကြူးစိန်သည် ထယ်ယောင်းကိုမပြုစားရ မနေနိုင်။
တနည်းမဟုတ် တနည်း လာလာနွယ်နေတော့၏။

"နောက်တခါဆို မရဘူးနော်...ကိုယ်စိတ်ဆိုးရလိမ့်မယ်"

ဆေးရည်ဘူးအား medical box ထဲပြန်ထည့်ရင်း ကုကီကို သူ,သတိပေးစကားပြောလိုက်သည်။

"ဟုတ်ကဲ့ ကိုကြီး"

ခေါင်းလေးညိတ်ပြီး တသွေမသိမ်းနာခံသလို လုပ်ပြနေတဲ့ ကောင်လေးကြောင့် ထယ်ယောင်းနှုတ်ခမ်းထောင့်သည် မသိမသာကွေးညွှတ်သွား၏။

"ကိုယ့်ကြောင့်နဲ့ အမြဲတမ်းလိုက်ရန်ဖြစ်မနေနဲ့...စာလည်း
သေချာအာရုံစိုက်ဦး"

"ဟုတ်...ကုကီနားထောင်နေပါတယ်"

ရှုတည်တည်ပြောလာတဲ့ကိုကြီးစကားကို ကုကီက မလွန် ဆန်ပါ။ ပါးစပ်က တဟုတ်ဟုတ်သာ အော်တိုတုံ့ပြန်နေမိ၏။

TEST MY TASTE !Where stories live. Discover now