X.Final

1.3K 70 17
                                    

[[ Unicode ]]

"ကိုကြီးးလို့..ကုကီ စိတ်ဆိုးမိတော့မယ်..ကုကီကို မလို ချင်ဘူးလားဟင်..ကုကီကို ခုထိမချစ်နိုင်သေးဘူးလား?"

စိတ်တိုသောလေသံလေးနဲ့အစချီလာသည့် သွေးဆူနေတဲ့ကောင်လေးက လိုချင်မှုတွေပြင်းပြလာတဲ့အခါ အသံလေးက တိမ်ဝင်လို့ ညုတုတုညို့ငင်အားပြင်းလာရာ...

"စိတ်မဆိုးပါနဲ့...ကိုယ်က ကုကီကိုချစ်ပါတယ်"

"ဟင်...တကယ်ချစ်တာလား ကုကီကို"

လက်ကလေးနှစ်ဖက်က ထယ်ယောင်းမျက်နှာကို အုပ်ကိုင်ပြီး စူးစိုက်ကြည့်၍...

"အမ်းး..တကယ်ပါ..ကိုယ် မင်းကိုချစ်မိနေပြီ"

"အဲ့.အဲ့ဒါဆို...ကုကီလိုချင်တာကို ပေးလေနော်.ကိုကြီး ကုကီ တအားထိန်းနေရတာ ခက်ခဲတယ်...ကုကီ သေတော့မလိုပဲ"

မျက်ရည်ဥတို့ကြွေမည့်သယောင်။ ချွေးစလေးတွေ
တွဲခိုနေလျှက် နီမြန်းနေသောမျက်နှာနုနုလေးက ထယ်ယောင်းကို အဆင့်ကျူးကျော်ရန် အကြိမ်ကြိမ်ဖိတ်ခေါ်နေတော့သည်။

"Huu...ကောင်းပြီကွာ."

အခုတော့နှစ်ဦးသား ချစ်သူတွေဖြစ်သွားခဲ့ပြီ။

ရောက်ယက်ခတ်နေရသည့် အခြေအနေတွေကြောင့်
ချစ်စကားတွေလည်း ကောင်းကောင်းမွန်မွန်မဆိိုနိုင်။
ထိုအရာကိုသာ အလျင်အမြန်တောင်းပြီး တလူးလူး
တလွန့်လွန့်ဖြစ်နေရှာတဲ့ ကုကီကိုကြည့်ရင်းသနားလာတာကြောင့် ထယ်ယောင်းလက်ခံပေးလိုက်ရတော့သည်။

ဤသို့ဖြင့် သက်ပြင်းရှည်တချက်ချပြီးနောက်...

တုန်ရီနေတဲ့ပန်းသွေးရောင်နှုတ်ခမ်းပါးလေးကို ထိတွေ့ဖို့ရာ ကုကီမျက်နှာလေးအား အသာအယာဆွဲယူလိုက်ပြီး နှုတ်ခမ်းသားတို့ထပ်တူကျစေသည့်အခါ အလိုအလျောက်မှိတ်ကျသွားသော ချစ်သူနှစ်ဦး၏မျက်ဝန်းတွေ။

တသက်နဲ့တကိုယ် အနမ်းဆိုသောအရာအား အတွေ့
အကြုံမရှိသောထယ်ယောင်းကမူ နူးနူးညံ့ညံ့ပြုမူသလို လိုချင်စိတ်ကလေးမြူးနေရှာသည့် ဂျောင်ကုကီမှာတော့ ပိုတိုးလို့သာအနမ်းနယ်ချဲ့လေသည်။

TEST MY TASTE !Where stories live. Discover now