VI.

612 58 4
                                    

[[ Unicode ]]

"အခြေအနေ ဘယ်လိုလဲ? အဆင်ပြေရဲ့လား"

"ပြေသလိုလိုရှိတယ်ထင်တာပဲ"

"မင်းကလည်း မသေချာမရေရာ..အဆင်မပြေရင်လည်း
လက်လျှော့လိုက်ပါတော့ကွာ"

အရက်နာကျနေဆဲမို့ ဂျောင်ကုကီ ခုံပေါ် မှောက်အိပ်နေရာက မင်ဂယူရဲ့ ထိုစကားကြောင့် ဆတ်ခနဲ ခေါင်းထောင်ပြီး ဘုကြည့်,ကြည့်ပစ်လိုက်၏။

"သူမှလက်မထပ်ဖြစ်သေးတာ၊ ငါနောက်မဆုတ်နိုင်ဘူး"

မေးရိုးတွေက တင်းခနဲ။ အားမာန်ပါပါနှင့် ခက်ထန်နေသော ကုကီကိုကြည့်ပြီး မင်ဂယူ ဘယ်လို​ပဲဖြောင်းဖျ​ဖြောင်းဖျ မရနိုင်မှန်းသိလိုက်သည်။

ကြူးစိန်ရဲ့အချစ်ကြီးမှုက လက်ဖျားခါလောက်ပါပေတယ်။ ဟိုက မိန်းမယူပြီးသွားရင်တောင် ဆက်ချစ်နေဦးမလားပဲ။

"တကယ်လို့ နောက်ဆုံးချိန်ထိ သူမင်းကို မရွေးချယ်ခဲ့ရင်ရော...?"

ဒါက မေးသင့်သည်မလား။ အချစ်ကြီးလွန်းတဲ့သူက
အဆုံးသတ်မလှခဲ့ရင်ရော...

ခုတောင် ဘယ်သူမှအစိုးမရနိုင်အောင် ဖြစ်နေတဲ့သူက
အရှုံးနဲ့ရင်ဆိုင်လိုက်ရတဲ့အခါ ဒီ့ထက်ပိုဆိုးလိမ့်မယ်မှန်း
မင်ဂယူ ကြိုတွေးထားမိပါသည်။ သူငယ်ချင်းဖြစ်သူအတွက်တော့ သူ.ရင်လေးမိပါရဲ့။

"ငါ ကိုကြီးကိုအရမ်းချစ်တာသိတယ်မလား"

"ငါသိပါတယ်"

ကုကီမျက်ဝန်းတွေကို တည့်တည့်ကြည့်လိုက်တော့ ဝေ့ဝဲလာတဲ့ မျက်ရည်စတွေကို မင်ဂယူ သတိပြုလိုက်မိ၏။

အပြင်ပန်းမှာသာ ဆိုးတေနေပြီး သန်မာတယ်ထင်ရတဲ့
ကောင်လေးက တကယ်တမ်း အတွင်းစိတ်လေးက
နူးနူးညံ့ညံ့ရယ်။ ဂျောင်ကုကီအကြောင်း မင်ဂယူအသိဆုံးပါလေ။

"အင့်...မင်းပြောသလို တကယ်ဖြစ်လာခဲ့ရင် ငါ တခုခုဖြစ်သွားမယ် ထင်တယ်..ဟင့်...ငါတကယ်ရင်ကွဲမှာ
မင်ဂယူရဲ့၊ ငါမခံစားနိုင်လောက်ဘူး...ရွှတ်"

ကင်မ်ထယ်ယောင်းနဲ့ပတ်သတ်ရင် ကုကီက အသည်း
မမာနိုင်။ တခြားအရာတွေမှာသာ ဆိုးချင်ဆိုးပြီး ကြမ်းချင်ကြမ်းပေမဲ့ ၁၈နှစ်အရွယ် အချစ်ပျိုးစအချိန်ပေမို့
သူ့အတွက် တကယ်ကိုနာကျင်ရလေသည်။

TEST MY TASTE !Where stories live. Discover now