IX.

719 58 4
                                    

[[ Unicode ]]

တစ်ရက်ပြီးတစ်ရက် မတွေ့ရတဲ့အချိန်ဟာ ၁လတာနီးပါးခန့်ရှိနေပြီဖြစ်သည်။ ကြာလာတော့ ကိုယ့်ကိုတကယ်ပဲလွှတ်ချပစ်ခဲ့လေပြီဟု.တွေးလိုက်မိတော့ နှလုံးအိမ်ထဲနာကျင်မှုက တဆစ်ဆစ်။

အရင်လိုပင် ဟက်ဟက်ပက်ပက်မပြုံးရယ်နိုင်တော့သလို ပျော်ရွှင်မှုတွေနည်းပါးလာတဲ့သူဟာ နုနယ်ငယ် ရွယ်တဲ့ထိုကလေးပေါက်စက သူ့ဘဝထဲဝင်လာပြီး မွှေသွားခဲ့ခြင်းကြောင့်။ နည်းပေါင်းစုံနဲ့ အမျိုးမျိုးသောစကားတွေပြောပြီး နေ့စဥ်မပျက်.လာပိုးပန်းနေခဲ့သည့်
ထိုကလေးဟာ ခုတော့ကြက်ပျောက်ငှက်ပျောက်။

ကြားရတဲ့တစွန်းတစသတင်းတွေဟာလည်း ရည်းစားတွေထားပြီး စာတွေလည်းလိုက်လုပ်နေတယ်ဆိုပဲ။
အဲ့အပြင် အိမ်အပြင်ဘက်တောင် သိပ်မထွက်ဘူးတဲ့လေ။ ဘာတွေဘယ်လိုဖြစ်ကုန်လဲ မသိတော့ပါ။

အမှတ်မထင်ပါဘဲ အဆက်ဖြတ်သွားတဲ့ကြူးစိန်ကို
ထယ်ယောင်း ကိုယ့်ဘက်ကပြန်လိုက်ပိုးဖို့ရာလည်း
မတတ်စွမ်းနိုင်သေး။ ဆိုင်ကိုကြူးစိန်မလာတော့တဲ့အခါ မိမိကိုလာငမ်းကြသူတွေဟာ ယခင်ကထက် မနည်းမနော။

မိမိနဲ့ကလေးပေါက်စ ဆက်ဆံရေးပြတ်စဲသွားပြီအထင်နဲ့ ကြူးစိန်ရန်ကို မကြောက်ရတော့ဘူးဆိုကာ တနေ့ထက်တနေ့ ထယ်ယောင်းကို လာကြူးကြသူတွေသည် ဆိုင်မှာပုံမှန်စားသုံးသူတွေအဖြစ် များသထက်များလာလေတော့ အလုပ်ရှုပ်နေသည်မို့ ထိုကလေးကိုလည်း
ကိုယ့်ဘက်ကစ,ဖွင့်ပြောဖို့ရာ ဘယ်လိုမှမအားလပ်နိုင်။

ဖုန်းနဲ့ဆက်သွယ်ပြီးပြောရအောင်လည်း သကောင့်သားလေးက ဖုန်းနံပါတ်ပေးမထားတော့ခက်ပါသည်။ အပြင်မှာတင်မက social mediaမှာပါ အလှမ်းဝေးနေတော့ ၏။ လိုက်စုံစမ်းရအောင်လည်း သူ့သူငယ်ချင်းတွေနဲ့က ခင်မင်မှုမရှိ။ မိဘတွေကိုသွားမေးဖို့ရာလည်းမရဲပါ။

အဘက်ဘက်မှ အဆက်ပြတ်နေခဲ့တော့ ထယ်ယောင်းရဲ့နှလုံးသားဟာ တစစီပဲ့ကြွေနေရလေပြီ။ သူ့ဘက်ကစိတ်ဝင်စားမှုကုန်တော့မှ ကိုယ်ကပြန်ချစ်မိသွားတဲ့ဒုက္ခကလည်း မသေးပါ။ အချိန်တွေမဆွဲပဲ အစတည်းကပြန်ချစ်လိုက်ခဲ့ရင် အကောင်းသားဆိုပြီး နောင်တတွေရနေတော့သည်။

TEST MY TASTE !Where stories live. Discover now