Part 1
Normal fic
Name;{အကြင်နာမျက်ဝန်း}
Date ;11.7.2023
ဂျူဂျူ သိပ်ချစ်ရတဲ့ဉီးငယ် မြတ်နိုးရတဲ့ဉီးငယ်ကို
စတွေ့ခဲ့တဲ့နေ့ကလေးပေါ့ အဲ့နေ့လေးဟာ ဂျူဂျူဘဝမှာအပျော်ဆုံးပါပဲ.........
______________________________________
: သာယာသောနံနက်ခင်းတစ်ခု:
:::::::::::::::::::::::::::::::::::::::
သိပ်ကိုခန့်ညားလွန်းတဲ့သူဟာ ခြံထဲကအပင်တွေကိုကြိုးစားပန်းစားမနက်အစောကြီးထကာရေလောင်းပေါင်းတင်ပြုစုပေးနေလေရဲ့
"ငါ့အပင်တွေလည်းငါအိမ်မှာတစ်ရက်မရက်မ
ရှိတာနဲ့တစ်ရက်ငြိုးသွားလိုက်တာ ဟူးး
အမား(အမေ)တို့လည်းမအားလို့ဂရုမစိုက်ကြ
ဘူးထင်တယ်"
"ဟဲ့သား သြော် အစောကြီးထပြီး ဘာ
လုပ်နေတာလဲ အမေလုပ်မယ်ထား
လိုက်သွားသွားအလုပ်နားတဲ့ရက်
ကလေးနားနားနေနေနေမယ်မရှိဘူး
ဒီကလေးတော့"
"အမား(အမေ)ကလည်း ဒါတွေသားလုပ်နေကြ
ပါ အမားသာနားနားနေနေ နေ ကျွန်တော်လုပ်
လိုက်မယ်"
"အေးပါကွယ် အဆိုအမေမင်းအဖေ
အတွက်နံနက်စာပြင်လိုက်အုံးမယ်""ဟုတ်ကဲ့ပါဗျာ"
အာကာဟိန်းတစ်ယောက်ပန်းပင်လေးတွေပြုစုနေရင်းခြံရှေ့ကဖြတ်သွားတဲ့ကလေးမထံအကြည့်တွေရောက်သွားခဲ့တယ် ထိုမိန်းကလေးကအရပ်ပုပေမဲ့မြန်မာဆန်ဆန်ယဉ်ယဉ်လေးနဲ့ဆိုတော့အာကာ့မျက်ဝန်းထဲ့မှာတော့နန်းဆန်နေတယ် ကလေးလေးတစ်ယောက်တစ်ဖွယ်ပါးလေးကဖောင်းဖောင်း မျက်တောင်မွှေးလေးတွေကလဲကော့ညွှန်နေသတဲ့
ခန္ဓာကိုယ်ကလည်းရင်ရှိတင်ရှိပြည့်ပြည့် လေးနဲ့ကြည့်ကောင်းနေတဲ့ထိုမိန်းကလေးရဲ့အလှမှာနစ်မျောရင်း အာကာတစ်ယောက်အသိစိတ်ပြန်ဝင်လာကာ
"ဒိကလေးမအစောကြီးကိုဘယ်ကဘယ်လို
ရောက်လာတာပါလိမ့်
ဟော ဘေးတစ်အိမ်ကျော်
ကခြံထဲဝင်သွားတာပဲ ဉီးကျောက်ခဲရဲ့တူမထင်
တယ် အခုခေတ်ကလေးတွေများလှသွေးကြွယ်
လိုက်တာ"
အာကာတစ်ယောက်တီးတိုးပြောရင်းပန်းပင်လေးတွေကိုရေဆက်လောင်နေလေရဲ့
~~~ ~~~ ~~~ ~~~ ~~~ ~~~
"ဟိုလူကြီးကကြင်နာတက်လိုက်တာ ပန်းလေးတွေ
ကိုဂရုစိုက်ပေးနေလိုက်တာ သေချာကြည့်မှလူက
လည်းခန့်ချောကြီးပဲ အသက်လေးနည်း"ကြီးတာ
ကလွဲလို့ပေါ့
ဉီးလေးကျောက်ခဲရေ ဂျူဂျူမနက်စာဝယ်
ပြီးပြီးနော်"
"အေး""တူမလေး ဉီးလေးဘုရားဖူးလိုက်အုံးမယ်
ခဏနေဆင်ခဲ့မယ်နော်""ဟုတ်ကဲ့ ဉီးလေးဒါဆိုဂျူဂျူနံနက်စာပြင်ထား
လိုက်မယ်နော်""အေး""
ဂျူဂျူဟန်ကမိဘနစ်ပါးစလုံးကားမှောက်ကာကွယ်လွန်သွားတာကြောင့်သူ့အဖေရဲ့ညီဖြစ်သူ ဉီကျောက်ခဲကမွှေးစားလိုက်ကာဉိးကျောက်ခဲနေရပ်ကိုပြန်တော့တစ်ခါတည်းခေါ်သွားလိုက်ပါတယ် ငယ်ရွယ်လွန်းတဲ့ဂျူဂျူဟာ အဲ့အချိန်တုန်းကအသက်၁၇နစ်ပဲရှိပါသေးတယ် ဂျူဂျူကဆယ်တန်းကိုအောင်ပေမဲ့ရိုးရိုးပဲအောင်ခဲ့တာကြောင့်ကတစ်ကြောင်း
မိမစုံဖမစုံဆိုတော့သူငယ်ချင်းတွေကြားထဲမျက်နာငယ်ခဲ့ရပါတယ် ဒါမဲ့သူ့မှာသိပ်ခင်ရတဲ့သူငယ်ချင်းနစ်ယောက်ရှိတယ်
မြတ်နိုးနဲ့အနူးတဲ့ အနူးကတော့ချင်းတိုင်းရင်းသူလေပေါ့
စကားဝဲဝဲနဲ့အရမ်းချစ်ဖို့ကောင်းတယ် ဂျူဂျူဟာဆယ်တန်းကိုသူဉီးလေးအိမ်မှာပဲနေရင်းနဲ့ပဲဖြေပါလိုက်ပါတယ်အဲ့အချိန်အာကာဟိန်းကတော့ ဆယ်တန်းမှာဂုဏ်ထူး၄ဘာသာပါတော့
အမှတ်ကောင်းလို့ မေဂျာကောင်းကောင်းယူပြီး ဘွဲ့ရကာ ဘဏ်တစ်ခုမှာမန်နေဂျာလုပ်နေပြီပေါ့ အာကာဟိန်းအသက်က၂၉နစ် ဂျူဂျူဟန်ထက်၉နစ်ကြီးပါတယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အချစ်မှာအသက်အရွယ်ကအရေးမပါသလိုပဲ ဂျူဂျူဟန်နဲ့အာကာဟိန်းတို့ရဲ့ အချစ်ဇာတ်လမ်းလေးဟာ စတင်ပြီးအသက်ဝင်ကာ ဘယ်လိုတွေစီးမြောရင်းအ ချစ်ရဲ့စွမ်းအားတွေနဲ့ဘယ်လိုတွေချည်နှောင်ကြမလဲဆိုတာ Part2မှာ
စောင့်မျှော်ပေးကြပါအုံး 😁😁😁
တိုသွားတယ်ဆိုတာသိပါတယ်
အခုမှစရေးတာမို့နားလည်းပေးပါ☺️☺️☺️
အမှာပါရင်လည်းဝေဖန်ပေးကြပါအုံး😢
writing by ရွှင်းလဲ့သွင်
YOU ARE READING
"အကြင်နာမျက်ဝန်း"
Randomဂျူဂျူဟန်: "ချစ်ခြင်းတရားတွေရဲ့အစကမျက်ဝန်းက"တဲ့ ဉီးငယ် ဂျူဂျူတော့ဉီးငယ်ကိုချစ်မိနေပြီထင်ပါတယ်... အာကာဟိန်း:ငါတော့ မိန်းမတွေကိုမယုံဘူး သူ(မိန်းမ)တွေကိုအရမ်းမုန်းတယ်.