~~ဦးငယ်လို့ပဲခေါ်ပါရစေ~~

72 2 0
                                    

Part4
Date 14.7.2023
Writting by ရွှန်းလဲ့သွင်
~~~~~~~~~~~~~~~~

         ဂျူဂျူဟန်တစ်ယောက် ရင်ဘက်လေးဖိကာ မြန်နေတဲ့ရင်ခုံသံတွေကိုထိန်းရင်း သူ့ဦးလေးနဲ့အတူအိမ်ပြန်လာခဲ့တယ်
ဦလေးလုပ်သူဦးကျောက်ခဲကတော့ ဂျူဂျူဟန်ရဲ့ပုံစံကြည့်ပြီး
"ဒိကလေးမဘာဖြစ်တာပါလိမ့် နေမကောင်းဖြစ်နေတာလား" ဟူ၍တိုးတိုးလေးပြောကာစိုးရိမ်တကြီးမေးလိုက်ပါတော့တယ်

"တူမ ဂျူဂျူ ညည်းနေမကောင်းဘူးလား"

   ဂျူဂျူတစ်ယောက်အတွေးကမာ္ဘထဲနယ်ချဲနေရင်းနဲမှ
ဦးလေးသံကြားကာ သတိပြန်ဝင်လာခဲ့ပါသည်။

"မ ....မဟုတ်ပါဘူး ဦးလေးရဲ့ သမီးနေကောင်းပါတယ်
သမီးဟင်းချက်စရာဝယ်တာကျန်ခဲ့သလားလို့စဥ်းစားနေတာပါ"

"aww အေးကွယ် ဒါနဲ့တူမလေးက တက္ကသိုလ်တက်တော့လေပိုက်ဆံအတွက်စိတ်မပူနဲ့ ဦးလေးပြင်ထားလိုက်မယ်"

     ထိုစကားကြားမှဂျူဂျူဟန်တစ်ယောက်မျက်နာငယ်လေးနဲ့လုပ်လက်စအလုပ်လေးတောင် ရပ်ပြီး

"ဟိုလေ ဦလေး ဂျူဂျူလေ တက္ကသိုလ်ဆက်မတက်ရရင်လည်းရပါတယ် ဂျူဂျူအလုပ်ထွက်လုပ်မယ်လေနော် ဂျူဂျူကြောင့်ဦးလေးအတွက် ဝန်ပိလို့ပါ ဦးလေးဒိအသက်အရွှယ်ရောက်နေပြီ taxiမောင်း ရင်းပိုက်ဆံရှာရတာအန္တရယ်များပါတယ် ဂျူဂျူကတစ်လှည့်ပြန်လုပ်ကျွေးပြုစုပရစေနော် ဦးလေးနော်  နော် နော် လို့"

"ဒိမယ် ဦးလေးပြောပြမယ် ဦးလေးတို့လိုယောကျ်ားသားတွေတောင်ပညာမတက်ရင်သူများအောက်ကျခံ အနိုမ်ခံပြီး
ဝမ်းစာရှာနေရတာ မလွယ်ဘူး တူမလေး ပညာရေးကိုဒိမှာတင်ရပ်တန့်လိုက်လို့တော့မဖြစ်ဘူး ဦးလေးကတော့ငါ့တူမလေးဘွဲ့ယူတဲ့ပွဲကိုဂုဏ်ယူစွာတက်ချင်တယ် ဒါကြောင့်ကျောင်းဆက်တက်လိုက်ပါ"

"ဟုတ်ကဲ့ ဂျူဂျူနားလည်ပါပြီး အဆိုဂျူဂျူသူငယ်ချင်းတွေနဲ့တိုင်ပင်လိုက်အုံးမယ်နော်"

"အေး အေး  ဦးလေးtaxiဆွဲလိုက်အုံးမယ် အိမ်တံခါးတွေသေချာပိတ်ထားကြားလား"

"ဟုတ်ကဲ့ဦးလေး ဂရုတစိုက်မောင်းနော်"

"အေးပါကွယ်"
______________________________________
တီ ~တီ~ တီ(ဖုန်းခေါ်သံ)

"အကြင်နာမျက်ဝန်း"Where stories live. Discover now