အချစ်ဆိုတာလူကိုတဖြည်းဖြည်းချင်းနိပ်စက်နိုင်တဲ့ နာကျင်မူလက်နက်တစ်မျိူးလား

59 0 1
                                    

part 8
Writting by ရွှန်းလဲ့ သွင်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"တီ ~တီ~တီ"(ဖုန်းမြည်သံ)
အာကာတစ်ယောက်ရုံးမှာထမင်းစားချိန်ဖုန်းလာလို့ကောက်ကိုင်ကာ ကြည့်လိုက်တော့ဖုန်းရဲ့မျက်နာပြင်မှာပေါ်လာတာက" အမား"တဲ့

"ဟလို ဟုတ်ကဲ့အမား"

"သားရယ် မနေ့ကဘာလို့အိမ်မပြန်လာတာတုန်း အမေ့မှာစိတ်ပူလိုက်ရတာကွယ်"

"aww အမားရယ်သားပြောဖို့မေ့နေတာ...
သားဝယ်ထားတဲ့အိမ်မှာပဲနေဖြစ်တော့မယ် အမား...
ဟိုလေ..... အခုတလောအလုပ်တွေကလည်းတအားများတော့ညနက်တဲ့ထိနေရမှာမို့ သားအဲ့အိမ်မှာပဲနေလိုက်တော့မယ် အလုပ်နဲ့လည်းနီးတယ်လေအမားရဲ့ ဘာမှစိတ်မပူနဲ့"

"အေးပါကွယ် ထမင်းလည်းမှန်အောင်စားနော်သား
တော်ကြာနေမကောင်းဖြစ်နေအုံးမယ်"

"ဟုတ်ကဲ့ပါအမား"

"သြော် အမေမေ့နေတာ သားသူငယ်ချင်းရဲရင့်လာရှာတယ်အိမ်မှာသားကို "

"ဟုတ်လား အမားသားသူ့ကိုဖုန်းပြန်ဆက်လိုက်ပါ့မယ် အခုကသားလုပ်လက်စအလုပ်လေးရှိလို့ပါ
သားအမားတို့ဆီပိတ်ရက်လာလည်ပါ့မယ် သားဖုန်းချလိုက်တော့မယ်နော်အမေ"

"အေးအေး သား"

             အလုပ်ကိစ္စတွေပြီးလို့ပြန်ခါနီး ဂျူဂျူအတွက်အဝတ်တွေဝယ်ပေးရင်း ရဲရင့်ဆီဖုန်းဆက်ရမှာကိုသတိရကာ

"တီ~တီ~တီ~"

"Hello "

"သားကြီး မင်းငါ့ကိုအိမ်မှာလာရှာတယ်ဆို"

"ဟုတ်တယ် ငါမေးစရာလေးရှိလိုကွ"

"မေးလေကွာ"

"ငါအခုတလောအလုပ်ကိစ္စနဲ့အပြင်ရောက်နေလို့ ဂျူဂျူဦးလေးဆုံးတာသိပေမဲ့ သူတစ်ယောက်ထဲဘယ်လိုရပ်တည်နေလဲဆိုတာသိချင်လို့ပါ   ဖြစ်နိုင်ရင်ငါသူ့ကိုလက်ထက်ချင်တယ်ကွာ "

"Awww ပြောရမှာတော့အားနာပါတယ်ကွာ ကြည့်ရတာမင်းနဲ့ငါနဲ့ကြိုက်တဲ့သူကတစ်ယောက်ထဲဖြစ်နေပြီ  ငါလည်းတကယ်ထင်မထားမိတာပါကွာ"

"ဟုတ်လား   ဒါဆိုလည်းငါနောက်ဆုတ်ပေးပါ့မယ်ကွာ
အခြားလူလက်ထဲပါတာထက် ကိုယ့်သူငယ်ချင်းလက်ထဲပါတာကပိုကောင်းပါတယ် ငါ့ကောင်ရာ ဘယ်သူ့ကိုမှချစ်ပါတယ်ကြိုက်ပါတယ်မပြောတဲ့သူက အခုလိုပြောလာတော့လည်း ဂျူဂျူကမင်းနလုံးသားမှာတော်တော်နေရာယူနေပြီနဲ့တူတယ်"

"အကြင်နာမျက်ဝန်း"Where stories live. Discover now