အချစ်ကကိုယ့်ကို ကိုယ်တောင်ထိန်းချူပ်မူတွေပျောက်ဆုံးစေနေပြီ

63 0 0
                                    

part 9
Writting by ရွှန်းလဲ့ သွင်
date 29.7.2023
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အာကာ နဲ့ဂျူဂျူ ထမင်းအတူစားပြီး တဲ့နောက်

ပန်းကန်တွေ သိမ်းရင်း

"ဦးငယ် ဂျူဂျူဘယ်မှာအိပ်ရမလဲဟင်"

"ဦးမေ့နေတာအပေါ်ထပ်ကဦးရဲ့အခန်းဘေးမှာ အိပ်ခန်းတစ်ခန်းရှိတယ် ဦးရှင်းထားတယ် အဲ့မှာအိပ်လိုက် တစ်ခုခုဆိုလှမ်းခေါ်လိုက်ဦးရှိတယ် ဘာမှမကြောက်နဲ့"

"ဟုတ် ဂျူဂျူကလေ တစ်ခြားဟာတော့မကြောက်ပါဘူး
ပိုးဟပ်ကြောက်တာ အဲ့မှာပိုးဟပ်ရှိမှာဆိုးလို့ကူရှာပြီးဖမ်းပြီးအဝေးကိုလွှတ်ပေးပါလား"

"ဂျူဂျူရယ် ပိုးဟပ်ကဘာမှမလုပ်နိုင်ပါဘူး
သူဟာသူအစားရှာစားတာ အန္တရယ်မရှိပါဘူးကွာ"

"ဒါ ဒါပေမဲ့ဂျူဂျူကြောက်တယ်ဦးငယ်"

ဟုဆိုကာနူတ်ခမ်းကလေးဆူကာ မျက်နာငယ်လေးနဲ့ပြောနေသောဂျူဂျူကိုကြည့်ကာ အာကာတစ်ယောက်အသည်းယားပြီး

"ဟုတ်ပါပြီးဗျာ ဦးလိုက်ပို့ပါ့မယ် "

"ဟီးး ကျေးဇူးပဲနော်"

"လာလိုက်ခဲ့"

"ဟုတ်"
အ ခန်းရှေ့ထဲရောက်တော့ ဂျူဂျူတစ်ယောက် အာကာအိင်္ကျီအနားစလေးကို ခလေးလေးတစ်ယောက်သဖွယ်ကြောက်ကြောက်နဲ့တင်းနေအောင်းဆုပ်ကိုင်ထားတော့
အာကာလည်းသူ့ကြည့်ပြီးစချင်တာနဲ့ ပိုးဟပ်တွေ့ဟန်ဆောင်ကာ ရှပ်တည်ဖြင့်

"ဂျူဂျူမလှုပ်နဲ့နော် ပိုးဟပ်က ဂျူဂျူခြေတောက်နားမှာ
ဦးဖယ်ပေးမယ်"

"ရှင်! ဖယ် ဖယ်ပေးပါနော် ဦးငယ်"

လန့်ကာ မျက်စိအသားကုန်မိတ်ပြီး အော်နေသောဂျူဂျူကိုကြည့်ကာထပ်စချင်တာနဲ့

"ငြိမ်ငြိမ်နေ ဦးဖယ်ပေးမယ် ဟော ငြိမ်ငြိမ်မနေတော့ ပိုးဟပ်ကခြေသလုံးပေါ်တက်လာပြီး"

"ဟမ် .....အားးးးးးးးး"

အော်ဟစ်ရင်းအကြောက်လွန်ပြီးအာကာ့ကိုဖတ်ထားလိုက်တာ တင်းလို့ အာကာက သူ့ကိုဖတ်ထားသောဂျူဂျူပုံစံလေးကြည့်ပြီး အသည်းယားကာ ရင်ထဲက ကျယ်လောင်သောနလုံးခုန်းသံကိုဂျူဂျူကြားသွားမည်ဆိုး၍
ပိုးဟပ်ကိုဖယ်လိုက်သည့်ပုံစံအယောင်ဆောင်ကာ

"အကြင်နာမျက်ဝန်း"Where stories live. Discover now