Part 10
Date.1.9.2023
Writting byရွှန်းလဲ့သွင်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ဦးငယ် ဂျူဂျူမနက်စာပြင်ပြီးပြီးနော် "ဦးငယ်ကိုမနက်စာစာဖို့ခေါ်နေသော်လည်းဘာသံမှမကြားသလို ဖြစ်နေတာကြောင့် အပေါ်ထပ်တက်ကာ ဦးငယ်ရဲ့အခန်းရှေ့သို့စိတ်ပူပြီးရောက်သွားလေတယ်
"ဒေါက်~ဒေါက်~ဒေါက်"(တံခါးခေါက်သံ)
"ဦးငယ် အဆင်ပြေရဲ့လားရှင့် ဂျူဂျူမနက်စာပြင်ပြီးတာလာပြောတာပါ .....ဦးငယ်....ဦးငယ်"စိတ်ပူပြီးမေးနေသော်လည်းစကားပြန်မလာသောကြောင့်အခန်းတံခါးဖွင့်ကာ ဝင်သွားတော့ အိပ်ရာပေါ်မှအခုထိအိပ်နေပုံရတဲ့အာကာ့ကိုတွေ့လိုက်ရပါသည်၊အသံလေးနည်း"ကြားတာနဲ့သိတဲ့နားပါးတဲ့အာကာဟာ အခန်းထဲထိတောင်လူဝင်လာတာတောင်မသိဘူးဆိုတော့စိုးရိမ်ပြီး လက်ကိုင်ကာအာကာ့ကို နိုးလိုက်တဲ့အခါ
"ဟယ် အသားတွေပူချစ်နေတာပဲ ....ဦးငယ် သတိထားပါအုံးဦးငယ် ....ဆေး...ငါဆေး ရှာရမယ်"
ဟုဆိုကာ အာကာကုတင်ဘေးမှာရှိတဲ့ စားပွဲတင်ဗီရိုထဲက အံဆွဲတွေမှာလိုက်ရှာနေလေရဲ့ နောက်ဆုံးတော့တွေ့ပါပြီးဆေးဘူး၊ ရေခဲသေတ္တာထဲကရေကိုအမြန်ယူလာပြီးဆေးနဲ့ရေတွဲတင်ထားသောဗန်းလေးကို အာကာ့ ကုတင်ဘေးကစာရေးစားပွဲပေါ်တင်ပြီးအာကာ့ကိုဆေးတိုက်ရန် ဆွဲထူလေသည်။
"ဦးငယ်.....ထပါအုံး ...ဆေးသောက်ရမယ်လေနော်..."
"ဟင်.."
"ဂျူဂျူလား?"
"ဟုတ်တယ်လေ ဦးငယ် ထပါအုံး ဆေးလေးသောက်လိုက်ပါအုံးနော်သက်သာသွားအောင် "
"အေး" "
ထိုနေ့တစ်နေ့လုံး ဂျူဂျူတစ်ယောက်အာကာ့ ကိုပြုစုရင်းနဲ့ပဲ နေခဲ့တယ် ဒါမဲ့မထင်မှတ်ထားတာတွေဖြစ်လာမယ်ဆိုတာတော့သူမသိခဲ့ရှာပါဘူး တစ်ခါတစ်လေမှာအရာရာဟာကိုယ်မျှော်လင့်ထားသလိုဖြစ်မလာသလိုပေါ့
🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤
နံနက်ခင်းတစ်ခု
ဟာအရင်နေ့ရက်တွေနဲ့မတူပဲ မှောင်မိုက်နေခဲ့တယ် မိုးသားတွေဟာလည်းမည်းသည်းလို့ပေါ့ဂျူဂျူတစ်ယောက်အာ့ကာ့ကိုရေပတ်တိုက်ပေးကာ နွေးထွေးအောင်စောင်ခြုံထားပေးပြီး အောက်ထပ်ဆင်းလာရင်း
"တီးတောင်~ တီးတောင် ~တီးတောင်"(ဘဲလ်တီးသံ)
YOU ARE READING
"အကြင်နာမျက်ဝန်း"
Randomဂျူဂျူဟန်: "ချစ်ခြင်းတရားတွေရဲ့အစကမျက်ဝန်းက"တဲ့ ဉီးငယ် ဂျူဂျူတော့ဉီးငယ်ကိုချစ်မိနေပြီထင်ပါတယ်... အာကာဟိန်း:ငါတော့ မိန်းမတွေကိုမယုံဘူး သူ(မိန်းမ)တွေကိုအရမ်းမုန်းတယ်.