အချစ်မှာအသက်အရွှယ်ကအတားအစီးတစ်ခုဖြစ်နေမလား?

53 1 0
                                    

Part 5
Date 14.7.2023
Writting by ရွှန်းလဲ့သွင်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

      မြတ်နိုးနဲ့အနူးတို့ဟာဒဂုံတက္ကသိုလ် မှာစောင့်ရင်း မိုးတွေလဲရွှာနေတော့နစ်ယောက်သား ထီးလေးဆောင်းကာ ကြွက်စုတ်လေးသဖွယ်ဖြစ်ပြီး ဂျူဂျူကိုစောင့်နေရင်း မိုးရွှာထဲမှာထီဆောင်းပြီးခပ်သုတ်သုတ်ပြေးလာသော ဂျူဂျူကိုမြတ်နိုးကတွေ့ကာ

"ဟဲ့ ဟိုမှာဂျူဂျူလာပြီး "

"အေးငါလည်းတွေ့ပြီဝေ့ သူ့ကို  "

"သူငယ်ချင်းတို့ရယ်ငါ့ကြောင့်အတန်းတက်တာနောက်ကျနေအုံးမယ် တောင်းပန်ပါတယ်ဟယ်"

"ရပါတယ်ဟယ်"

     မြတ်နိုးနဲ့အနူးတို့နစ်ယောက်ဟာဂျူဂျူရဲ့အချစ်ဆုံးသူငယ်ချင်းတွေပေါ့ ဆိုးတူကောင်းဘက် လည်ပင်းဖက်ပေါင်းလာကြတာဆိုတော့တစ်ယောက်အကြောင်းတစ်ယောက်သိနေကြပါသည်။

"အတန်းနောက်ကျနေပြီသွားရအောင်"

"အေးသွားရအောင်"

     အတန်းတက်လို့ပြီးလို့အိမ်ပြန်လမ်းမှာဘက်စ်ကားစောင့်ရင်း 
"ဟဲ့ နိတို့နစ်ယောက်ကိုငါတိုင်ပင်စရာရှိတယ်သိလား "

"အေးပြောလေသူငယ်ချင်း
ငါတို့နစ်ယောက်ကပါးစပ်လုံပါတယ်ဟ"

"ဟုတ်တယ်လေ ဘာလဲနိကငါတို့နစ်ယောက်ကိုမယုံလို့လားဝေ့"

"ယုံပါတယ်ဟယ် နိတို့ကလည်းစိတ်ဆိုးဖို့ပဲ
ငါလေ..... ဟို.. ဟိုလေ လူတစ်ယောက်ကိုသဘောကျနေမိပြီထင်တယ်  "

"ဟုတ်လား ငါ့တို့ကိုလည်းပြောပြပါအုံး ဘယ်သူလည်း"

"ဂျူဂျူမကတောင်သဘောကျတယ်ဆိုတော့ ငါလည်းသိချင်တယ်ဝေ့ "

" ဟီးးးး ဟီးးဟုတ်ပ"

"ပြောပြပါ့မယ် သူကလေငါ့တို့အိမ်ရဲ့နစ်ခြံကျော်မှာနေတာ
သူ့ပုံစံကလေ မျက်ခုံးမွှေးထူထူ မေးရိုးကလည်းနည်းနည်းလေးရှည်တယ် အရပ်ကမြင့်မြင့်နဲ့ခန္ဓာကိုယ်က  လည်းခပ်မိုက်မိုက် ဘဏ်မှာမန်နေဂျာလုပ်တာဆိုတော့ အသားကတော့အတော်ဖြူတာပါဟယ် ငါ့နဲ့များတစ်ခြားစိ မနက်ကတောင်သူငါ့ကိုလမ်းကြုံခေါ်လာသေးတယ်မိုးတွေကတအားရွှာနေတော့လေ ဒါမဲ့လေ သူ့ရဲ့မျက်လုံးလေးတွေကတစ်အားလှတော့ သူ့ငါ့ကိုစိုက်ကြည့်နေရင်တအားဆွဲဆောင်မူရှိတာပဲ "

"အကြင်နာမျက်ဝန်း"Where stories live. Discover now