^~^မျက်မှန်အောက်ကညို့ယူလွန်းတဲ့မျက်ဝန်းတစ်စုံမ

129 2 0
                                    

part 2
Date:12.7.2023
writting by ရွှန်းလဲ့သွင်
______________________________________

"သားမနက်စာ လာစားတော့လေ မင်းအဖေတောင်စားပြီးလို့အလုပ်သွားပြီသားရဲ့"

"ဟုတ်အမေ ကျွန်တော်အပင်တွေပြုစုလို့ပြီးပါပြီ
လက်ဆေးနေတာလာခဲ့မယ် နော်"

"ငါ့သားလေးကြိုက်တဲ့ထမင်းကြော်ပဲပြုတ်လေးနဲ့ ကြက်ဉကြော်လည်းပါတယ်သားရဲ့ ရော့ စား"

ဒေါ်ဇာနီလင်းတစ်ယောက်သူ့သားကိုထမင်းကြော်တွေအားရပါးရခပ်ထည့်ပေးနေလေရဲ့

"ဟာ အမေရပြီလေအမေရဲ့ သားကဘယ်လိုလုပ်ကုန်မှာလည်း "

"အမေက စားစေချင်လို့ပါ ကိုယ့်သားလေးအလုပ်နားရက်ကို
အမေ့ကမျှော်နေတာ သားကအလုပ်သွားတဲ့ရက်တွေဆို လေမနက်ဆိုလည်းမျက်နာလေးတောင်မမြင်ရဘူး ဟော အပြန်ဆိုလည်း နောက်ကျမှပြန်လာတော့ ငါ့သားလေးမျက်နာတောင်မေ့ချင်နေပြီ "

"အမေကလည်း သားက ကလေးမှမဟုတ်တာ သားကြိုးစားနေတာတွေအကုန်လုံးကအမေ့တို့အတွက်ဘဲ သားကအမေတို့ကိုပစ်မထားပါဘူး"

"အေးပါကွယ်အမေကငါ့သားကိုယုံပါတယ် စားနော်သား
ထမင်းကြော်ထပ်ထည့်မလားသား ?"

"တော်ပြီ အမေသား ဗိုက်ပြည့်နေပြီ အော်ဒါနဲ့ ဟိုလေ သားမေးစရာလေးရှိလို့ပါအမေ "

"မေးလေသားရဲ့ "

"ဉီကျောက်ခဲတို့အိမ်ကခလေးမလေးကဘယ်ကဘယ်လိုရောက်လာတာလည်း သားသူ့တစ်ခါမှမတွေ့ဖူးဘူး"

"aww ဟိုအသားညိုညိုပါးဖောင်ဖောင်းလေးနဲ့တစ်ယောက်လား"

"ဟုတ်တယ်အမေ"

"သူက ဂျူဂျူဟန်တဲ့ဆယ်တန်းတော့အောင်ပြီးပြီ
ခလေးမလေးကကံဆိုးရှာပါတယ်ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘမဲ့ဖြစ်ရရှာတယ်လေ သူ့အဖေနဲ့အမေ ကားအက်စိဒန့် ဖြစ်ပြီးဆုံးသွားတော့ ဆွေမျိူးဆိုလို့ သူ့ဉီးလေးကျောက်ခဲပဲရှိတာဆိုတော့ သူ့ဉီးလေးကသွားခေါ်လာတာ ခလေးမလေးကတော့ချစ်စရာလေးပါ "

"ကျွန်တော်လည်းတွေ့ပါတယ် အဲ့ခလေးပုံစံက ကလေးလေးတစ်ယောက်နဲ့တူတယ် ကျွန်တော်ကသူ့ကိုအစက ဉီးးကျောက်ခဲ သမီးလို့ထင်တာ"

"အကြင်နာမျက်ဝန်း"Where stories live. Discover now