"နားခိုရာမရှိတဲ့ငှက်ကလေး"

63 1 0
                                    

Part 6
date.15.7.2023
Writting by ရွှန်းလဲ့သွင်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
      ဦးကျောက်ခဲ ရဲ့ဇာပန အခန်းအနားမှာ အာကာဟိန်းရောက်လာခဲ့တယ် စိတ်မကောင်းဖြစ်ခြင်းတွေဟာသူ့မျက်နှာမှာအတိုင်းသားပေါ်လွင်နေတယ်

      ဂျူဂျူဟန်ကတော့ပတ်ဝန်းကျင်တောင်သတိမထားမိပဲ ဘာမှမသိတဲ့လူတစ်ယောက်လိုအသိစိတ်လွှတ်နေခဲ့တယ် လောကမှာ ဆွေမျိူးသားချင်းဆိုလို  ဒိဦးလေးတစ်ယောက်ပဲရှိတာ ဦးလေးကပါဆုံးသွားတော့   တစ်ကောင်ကြွက်ဘဝကိုနေ့ချင်းညချင်းရောက်သွားတဲ့ဂျူဂျူအဖို့ သောကတွေနဲ့တောက်လောင်နေပါတော့တယ် အနာဂတ်မှာသူဘယ်လိုဆက်ရှင်သန်ရမလဲဆိုတာတွေးရင်းနဲ့ပေါ့...

"ခလေးမစိတ်ထိန်းအုံးနော် ခလေးမ သွားတဲ့သူကသွားပြီလေ ကိုယ်ကဆက်ရှင်သန်ရမှာပေါ့"
"ဂျူဂျူနင့်အနားမှာငါတို့နဲအနူးရှိတယ်နော် အားမငယ်နဲ့သိလား"
     အိမ်နီးချင်းအန်တီကြီးနဲ့သူ့သူငယ်ချင်းတွေက နစ်သိမ့်စကားတွေပြောသော်လည်း ဘာမှပြန်မပြောပဲ ငိုလဲမငို သူ့ဦးလေးဓာတ်ပုံကိုပိုက်ထားလိုက်တာ လွှတ်ကိုမလွှတ်တဲ့ဂျူဂျူကို အာကာတစ်ယောက်အဝေးကနေကြည့်ကာ စိတ်မကောင်းဖြစ်နေလေရဲ့
အဲ့နောက်ပိုင်းဂျူဂျူဟာ ကြိုပေးထားတဲ့ကျောင်းလခလေးတွေကိုထုတ်ပြီးကျောင်းထွက်ကာ  ရလာတဲ့ကျောင်းလစာလေးတွေကို taxi ownarကိုကားပြင်ဖို့ပေးလိုက်ရတော့ သူ့စားဝတ်နေရေးအတွက်တောင်းအခက်အခဲဖြစ်လာလို့ ရရာအလုပ်လေးတွေရှာလုပ်ကာ ဝမ်းစာရှာရပါတော့တယ်
နေစရာအိမ်ရှိသော်လည်း အာကာဟိန်းဆီမှာသူ့ဦးလေးပေါင်ထားမှန်းသိတော့ အိမ်လေးကိုလည်းပြန်ရွှေးချင်လို့ ပိုက်ဆံကိုသည်းကြီးမည်းကြီးရှာပါတော့တယ် အနေအေးပြီးအမြဲတမ်းပြုံးရွှင်ရယ်မောနေတက်တဲ့သူက အပြုံးတွေလည်းမရှိတော့ပဲ အိမ်မှာလည်းမကပ် အလုပ်အချိန်တွေနဲ့သာပြည့်နေခဲ့တယ်
       လူတစ်ယောက်ဟာနာကျင်ဆုံးအရာတွေကိုမေ့ပစ်ဖို့အတွက် အာရုံပြောင်းကာအလုပ်တွေချည်းပဲလုပ်နေသလိုမျိုးပေါ့  တစ်နေ့ဂျူဂျူဟန်တစ်ယောက်အာကာဟိန်းဆီရောက်လာခဲ့တယ်

"ဦးငယ် ဂျူဂျူရဲ့အိမ်လေးပေါင်ထားတာကိုအတိုးလေးရှိရင်ရပ်ပေးပါနော် ဂျူဂျူတစ်ယောက်ထဲရှာရတာဆိုတော့ အတိုးနဲ့ပိမှာစိုမ်းရိမ်လို့ပါ"

"အကြင်နာမျက်ဝန်း"Where stories live. Discover now