1061 - 1065

154 22 0
                                    

အခန်း ၁၀၆၁
ပုဖန်၏ အချက်အပြုတ် နှလုံးသားလမ်းစဉ်

" ချီလင်စားဖိုမှူး နှလုံးသားလား ..."

နယ်ပယ်သခင်တိထိုက်မှ ချီလင်စားဖိုမှူး နှလုံးသားအကြောင်း‌ မေးသည့်အခါ မြို့တော်သခင်ဖုန့်၏ မျက်နှာ ရုတ်တရက် ပြောင်းလဲသွားသည်။

" ဘာတွေ ပြောနေတာလဲ ... ကျုပ် နားမလည်ဘူး ..."
မြို့တော်သခင်ဖုန့် ဖြေလိုက်သည်။

သို့သော် သူ၏ မျက်နှာပေါ်မှ ပြောင်းလဲမှုကို နယ်ပယ်သခင်တိထိုက် သတိထားမိလိုက်သည်။ သူ၏ လက်နှစ်ဖက်ဖြင့် ခါးထောက်ထားစဉ် အဝတ်မဲ့ကိုယ်လုံးမှ အလင်းတန်းများ ဖြာထွက်နေသည်။

" ဆက်လုပ်ပါ ... ဆက်ပြီး ဟန်ဆောင်နေလိုက် ... မင်း မသိသလို သရုပ်ဆောင်နေတာ ငါမသိဘူးထင်နေလား ..."

ခွေးဘုရင် ပျင်းရိစွာဖြင့် သမ်းဝေလိုက်သည်။ လက်ဖဝါးကို မြှောက်လိုက်ချိန်တွင် ငွေရောင်နှလုံးတစ်ခု ပေါ်လာသည်။ ထိုနှလုံးသားမှာ အဆက်မပြတ်ခုန်နေပြီး စွမ်းအားကြီးသည့် စွမ်းအင်များကို ဖြန့်ကျဲပေးနေသည်။

ထိုအရာမှာ ချီလင်းစာဖိုမှူး အသက်၏ အဆီအနှစ်ပါဝင်သော ချီလင်စားဖိုမှူး နှလုံးသားဖြစ်သည်။

မူလက ၎င်းကို ပိုင်ဆိုင်သည်မှာ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယိ ပထမအလွှာ၏ မြို့တော်သခင်ဖြစ်သည်။ သို့သော် ထို မြို့တော်သခင်က မသေမျိုးသစ်ပင်နေရာတွင် ‌မမျှော်လင့်ပဲ သေဆုံးခဲ့သည်။

မြို့တော်သခင်ရွှယ်မှာ မသေမျိုးသစ်ပင်၏ ပြောင်းလဲမှုကြောင့် အသတ်ခံခဲ့ရသည်ဟု နယ်ပယ်သခင်တိထိုက် အမြဲထင်ခဲ့သည်။ သို့သော် ထိုနှလုံးသား ပေါ်လာချိန်တွင် နားလည်သွားခဲ့သည်။

မြို့တော်သခင်ရွှယ် အသတ်ခံရခြင်း၏ အဓိက တရားခံမှာ သူတို့ရှေ့မှ မြှို့တော်သခင်ဖုန့် ဖြစ်နေခဲ့သည်။

" ချီလင်စားဖိုမှူး နှလုံးသားက ငါ့ဟာလေ ..."

ခွေးဘုရင်၏ လက်ဖဝါးပေါ်တွင် မျောနေသည့် ကွေရောင် ချီလင်စားဖိုမှူးနှလုံးသားကို မြင်သည့်အခါ  မြို့တော်သခင်ဖုန့်၏ တစ်ကိုယ်လုံးမှ ကြောက်မက်ဖွယ် စစ်မှန်စွမ်းအင်များ ထွက်ပေါ်လာသည်။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Where stories live. Discover now