1361 - 1365

116 18 0
                                    

အခန်း ၁၃၆၁
နယ်သာရုပ်သေးပညာရှင် မျိုးနွယ်ခေါင်းဆောင်၏ အဆုံးသတ်

လူတိုင်းမှာ ဝှိုက်တီ၏ လုပ်ရပ်ကြောင့် အထင်ကြီးသွားပြီး ပုဖန်မှာ အံ့အားသင့်နေလေသည်။ ၎င်းက သတ္တိ၊ ကောင်းမွန်သောချိန်ဆခြင်းနှင့် စိတ်ပိုင်းဖြတ်မှုတို့ လိုအပ်သည့် တစ်စုံတစ်ဦးက သူ့ထက် သာလွန်သူအား ထိုးနှက်နိုင်ခြင်း၏ ဥပမာပင်ဖြစ်သည်။ ဝှိုက်တီမှာ နယ်သာရုပ်သေးပညာရှင် မျိုးနွယ်ခေါင်းဆောင်၏ ရင်ဘတ်မှ ရင်းမြစ်ကျောက်တုံးကို ဆွဲနုတ်သည်မှာ မည်သူတစ်ဦးတစ်ယောက်တွင်မှ မကြုံခဲ့ဖူးပါချေ။ ၄င်း၏ အောင်မြင်မှုမှာ အကြီးအကဲက သူ့၏ စွမ်းအားကို ထုတ်လွတ်ပြီးနောက် ရူးသွားခြင်းလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပေသည်။ သို့သော် ၄င်းက ကောင်မွန်လှစွာ ပြုလုပ်ပြီးသည်ကိုမူ မည်သူကမှ မငြင်းဆန်နိုင်ပါပေ။ ပုဖန်ပင် စိတ်ထဲတွင် ချီးကျူးကာ လက်မ မထောင်ပဲ မနေနိုင်ပါပေ။

ထိုရင်းမြစ်ကျောက်တုံးအား ယူဆောင်ပြီးနောက်တွင် ပို၍ စိတ်လှုပ်ရှားဖွယ် ကောင်းသည်မှာ ဝှိုက်တီက ဟက်ဟက်ပက်ပက်ရယ်မောကာ ထိုအရာကို ၄င်း၏ အစာအိမ်ထဲသို့ ထိုးသွင်းလိုက်ခြင်းပင်။ ၄င်းက ကြွားဝါနေခြင်းမှာ သိသာသော်လည်း ဟန်ဆောင်ခြင်းမရှိပဲ တက်ကြွနေသည်ပေသည်။ ပုဖန်က သဘောကျစွာခေါင်းငြိမ့်လိုက်ပြီး သူ့၏ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွားလေသည်။

ကြမ်းတမ်းလှသော တရှူးရှူးအသံတစ်ခုက ထွက်ပေါ်လာကာ ပင့်ကူခြေထောက် ၁၂ချောင်းမှာ ရုတ်တရက် မြေပြင်ဆီသို့ ပြုတ်ကျသွားကာ မြေပြင်ကို ချိုးဖျက်ပြီး နေရာအနှံ့တွင် အပေါက်များ ချန်ရစ် ထားခဲ့ပေသည်။ လှံတံကဲ့သို့ ခြေထောက်တစ်ခုက လေထုကို ဖြတ်သန်းသွားသည့် အချိန်တိုင်းတွင် လေဟာနယ်က အက်ကွဲသွားလေသည်။ ထိုသည်က ကြည့်ရှုရန်ပင် ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခုဖြစ်နေပေသည်။ ဝှိုက်တီက ရွှေရောင် ချည်မျှင်များဖြင့် ပတ်ထားသည့် ရင်းမြစ်ကျောက်တုံးကို စားသုံးလိုက်ပြီးနောက် ၄င်း၏ စက်မျက်လုံးအတွင်းရှိ အလင်းမှာ သိသိသာသာပင် ပြောင်းလဲသွားပေသည်။ ထို့နောက် ထိုသည်က လှံတံများကြောင့် အပေါက်များဖြစ်နေသော ၄င်း၏ ခန္ဓာကိုယ်အား တရွတ်တိုက်ဆွဲကာ ပုဖန်ဆီသို့ ပြေးသွားလိုက်သည်။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Where stories live. Discover now