1516 - 1520

37 7 0
                                    

အခန်း ၁၅၁၆
ဝံပုလွေအူသံ၏ မျက်လုံးထဲတွင်...

ဝေါ့...

ကြမ်းကြုတ်သောမကောင်းဆိုးဝါးများက မြေပြင်ပေါ်ပြုတ်ကျပြီး ဆူညံစွာဖြင့် အော့အန်ကုန်ကြ၍ သူတို့၏ ကြောက်မက်ဖွယ်တိုက်ခိုက်မှုက ယခုအချိန်တွင် ရပ်တန့်သွားသည်။

နတ်ဘုရားဘုရင်များမြို့တော်အတွင်းမှ မြောက်များစွာသောကျင့်ကြံသူများက အံ့အားလွန်း၍ ပြောစရာစကားမဲ့သွားသည်။ လော့စန်းနျန်နှင့် အခြားလူများက ရယ်ရမည် ငိုရမည်ကိုပင် မသိတော့ပဲ လေထဲတွင်ရပ်နေသည့်ပုဖန်ကိုကြည့်ကာ နှုတ်ခမ်းများ တွန့်ကွေးသွားကြသည်။

စားဖိုမှူးတွေက ဒီသတ္တဝါတွေအတွက်တော့ အကုသိုလ်ပဲပေါ့လေ... ဒီလို အန္တရာယ်များတဲ့ အခြေအနေကြီးက ဘာလို့ ရုတ်တရက် ဟာသဆန်ပြီး ရယ်ချင်စရာကောင်းသွားရတာလဲ...
ပတ်ဝန်းကျင်မှ နတ်ဘုရားဘုရင်များအားလုံး မြေပြင်ပေါ်ဆင်းသက်ပြီး သက်ပြင်းရှည်ကြီးချလိုက်ကြသည်။ ရုတ်ချည်းပြောင်းလဲမှုက သူတို့အတွက် ယာယီစိတ်သက်သာရာရမှုကြီးဖြစ်သည်။

ပုဖန်က အိမ်တစ်လုံးစာခန့်ကြီးမားသော နဂါးခြေထောက်ကြီးကိုကိုင်ထားပြီး အားပါးတရကိုက်စားနေသည်။ ရနံ့၊ ဝိညာဉ်အဆီအနှစ်နှင့် ဝိညာဉ်စွမ်းအင်က အဆက်မပြတ်ထွက်ပေါ်လာပြီး လေထဲတွင် ရစ်ဝဲနေကာ မြို့တော်တစ်ခုလုံးကို တစ်ခဏတွင်းချင်းလွှမ်းခြုံသွားသည်။

သူက လေပေါ်တွင်ရပ်ပြီး နဂါးအသားကို အားပါးတရစားနေပြီး ကြောက်မက်ဖွယ်မကောင်းဆိုးဝါးကြီးအဖြစ်ပြောင်းလဲသွားသည့် ထျန်းချိုးကို မျက်နှာချင်းဆိုင်ထားသည်။ ခြေထောက်သားမှ စီးကျလာသည့် အဆီရည်များက မြေပြင်ပေါ်သို့ ကျဆင်းလာချိန်တွင်  နားပင်းလုမတတ်အသံကြီး ထွက်ပေါ်လာစေသည်။

ပုဖန်က အလွန်ဆာလောင်လွန်းနေ၍ လျင်မြန်စွာစားသောက်နေသည်။ ၎င်းက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အပေါက်ကြီးဖြစ်သွားစေသည်ဟု ခံစားရသည့် ဆာလောင်မှုမျိုးဖြစ်သည်။ ဧရာမနဂါးအသားက သာမန်မျက်စိဖြင့် မြင်နိုင်သည်အရှိန်ဖြင့် မြန်မြန်ပျောက်ကွယ်သွားသည်။ မကြာမီအချိန်မှာပင် အရောင်တလက်လက်တောက်ပနေသည့် အရိုးကြီးသာကျန်ခဲ့၍ ပုဖန်က ၎င်းကို မြေပြင်ပေါ် ပစ်ချလိုက်သည်။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Where stories live. Discover now