1521 - 1525

80 10 0
                                    

အခန်း ၁၅၂၁
တိတ်ဆိတ်မှုပြိုကွဲသွားခြင်း

ငရဲကမ္ဘာသင်္ဘောက အမွေအနှစ်နယ်မြေထဲတွင် သွားလာနိုင်စွမ်းရှိခြင်းကြောင့် ယခုအချိန်တွင် နယ်သာရီကို အသက်အန္တာရယ်ရှိနေစေရန် အကြောင်းခိုင်လုံသွားသကဲ့သို့ ဖြစ်နေသည်။ သူမက ဤနေရာ မည်မျှ အန္တရာယ်များကြောင်းကို မသိပေ။

ထူးဆန်းသည့် ဆင့်ခေါ်မှုတစ်ခုကြောင့် ရောက်လာခဲ့ပြီး ရင်းနှီးသည့်အော်ရာတစ်မျိုးကိုလည်း ခံစားနေမိသည်။

နယ်သာရီက သူမမွေးဖွားလာခြင်း၏ အခြေအနေမှန်ကို မသိရှိခဲ့ပေ။ သူမသိသည်မှာ ယို့ကျီးကဲ့သို့ပင် ယခင်ငရဲဘုရင်က သူမကိုမွေးစားခဲ့သည်ဟူသောအကြောင်းတစ်ခုတည်းပင်။

သို့ရာတွင် သူမက ယို့ကျီးနှင့် အလွန်ကွာခြားသည်။ သူမက ကပ်ဘေးတစ်ခုနှင့်အတူ ရောက်ရှိလာခဲ့သည်ဟု ထျန်စန်းက ပြောပြခဲ့ဖူးသည်။ သူမထံတွင် ကျိန်စာတစ်ခုရှိပြီး သူမခန္ဓာကိုယ်တွင် တစ်လောကလုံးကို အမြစ်ဖြတ်နိုင်သည့် စွမ်းအားတစ်မျိုးရှိနေခဲ့သည်။ သို့ဖြစ်၍ ထျန်စန်းက သူမကို နယ်နှင်ဒဏ်ပေးရန်သာ ရွေးချယ်ခဲ့ရသည်။

လေထုထဲတွင် ကြောက်မက်ဖွယ်စွမ်းအင်များဖြင့် ပြည့်နေသည်။ ငရဲကမ္ဘာသင်္ဘော၏တစ်ဖက်တွင် ကျင့်ကြံသူတစ်အုပ်စုက ကသုတ်ကရိုက် တိုက်ခိုက်နေကြသည်။ သူတို့အားလုံးက ကောင်းကင်ဘုံနတ်ဘုရား၏ရတနာကို တပ်မက်နေကြ၍ အသိစိတ်မကပ်ကြတော့ပေ။ ယခုချိန်တွင် အဆင့်မြင့်နတ်ဘုရားဘုရင်တစ်ယောက်က သူတို့လမ်းတွင် ရှိနေပါကလည်း သူ့ကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်ကြမည်ဖြစ်ရာ နယ်သာရီ့ကဲ့သို့လူမျိုးဆိုပါက ဆိုဖွယ်ရာ မရှိတော့ပေ။

ယခုအချိန်တွင် ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်သွားပြီး တစ်ယောက်ယောက်က ဝမ်းနည်းဖွယ်ရာတေးသွားတစ်ပုဒ်ကို ညည်းနေသည်ဟု ထင်ရသည်။

နယ်သာရီက ငရဲကမ္ဘာသင်္ဘောပေါ်တွင်ထိုင်လျက် ခြေထောက်များ လွှဲယမ်းနေသည်။ ရုတ်တရက် လှည့်ကြည့်လိုက်ချိန်တွင် သူမ၏ အသက်ရှုမှားလောက်အောင်လှပသည့်မျက်နှာထက်တွင် စိတ်ရှုပ်ထွေးမှုအရိပ်အယောင်ကို မြင်လိုက်ရသည်။ သူမမျက်လုံးထဲတွင် ကောင်းကင်ယံ၌ ပြည့်နှက်နေသည့် တိုက်ခိုက်မှုများက မီးရှူးမီးပန်းများကဲ့သို့ လှပနေသည်။

You've reached the end of published parts.

⏰ Last updated: Jun 26 ⏰

Add this story to your Library to get notified about new parts!

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Where stories live. Discover now