1081 - 1085

171 26 0
                                    

အခန်း ၁၀၈၁
ယုံကြည်မှုရှိသော ခွေးဘုရင်

ဆွဲဆောင်မှုရှ်ိသော ‌ကြောင်ကဲ့သို့ ခြေလှမ်းများနှင့် တင်ပါးကို လွှဲရမ်းလျက် လျှောက်လာနေသည်။

ဟင်းလင်းပြင်ထဲတွင် ပန်းများ ပွင့်လန်းခြင်းမရှိပဲ  ပြိုးပြိုးပြက်ပြက် တောက်ပနေသော ဝိညာဉ်စွမ်းအင်များ မရှိပဲ ၎င်း၏ ရောက်ရှိလာမှုကို ကြေညာရန် နှိုးဆော်မှု တစ်စုံတစ်ရာ မရှိပဲ…

ခွေးနက်တစ်ကောင် ထွက်ပေါ်လာသည်။

လျစ်လျူရှုသောမျက်လုံးများဖြင့် သူ၏ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့်အရာများကို ဂရုမစိုက်ပဲ သမ်းဝေလိုက်သည်။

ခွေးဘုရင်၏ဘေးတွင် ပုဖန်နှင့် ဝှိုက်တီ့ကို သယ်ဆောင်လာသော ရွှေရောင်ပုစွန်ပိစိရှိနေသည်။

သူတို့အောက်တွင် အားလုံး၏ မျက်လုံးများက ဆွဲဆောင်ခြင်း ခံထားရသည်။

ခွေးဘုရင်ကို မြင်ချိန်၌ ပုဖန်နှင့် ပုစွန်ပိစိကိုပါ မြင်လိုက်ကြသည်။

ငရဲအကျဉ်းထောင်မှ ဝတ်ရုံနက်လူသုံးယောက်၏ မျက်လုံးများက ခွေးဘုရင်ကို တည့်တည့်ကြည့်ကာ မှေးစင်းနေသည်။

သူတို့၏ ပြာမှုန်မှုန်ဆံပင်များက လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး သူတို့၏မျက်နှာများက ဂုဏ်သိက္ခာရှိပုံရသည်။

သူတို့ကို ဦးဆောင်လာသူမှာ အစောပိုင်းက ရောက်ရှိလာသည့် ကျင့်ကြံသူဖြစ်သည်။ ထိုလူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
" ဒီခွေးက ဘယ်နေရာမဆို ရှိနေတာပဲ ..."

ထို့နောက် သူ ပေါ့ပါးစွာ အသက်ရှုထုတ်လိုက်ပြီး မျက်လုံးများက ပို၍ လေးနက်လာသည်။

" အဲ့ခွေး ဒီနေရာမှာ ရှိနေရင်တောင် အထွဋ်အမြတ်အဆင့် မ‌သေမျိုးပါဝင်ပစ္စည်းတွေကို ယူသွားခွင့် မပြုနိုင်ဘူး ... ငါတို့ မသေမျိုးသစ်ပင် အပင်ပေါက်တွေကို ရမှဖြစ်မယ် ..."
ထို ကျင့်ကြံသူက အမိန့်ပေးလိုက်သည်။

သူ၏ စကားဆုံးသည်နှင့် ဘေးမှ လူနှစ်ယောက်က စတင်တိုက်ခိုက်တော့သည်။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Where stories live. Discover now