1296 - 1300

176 21 0
                                    

အခန်း ၁၂၉၆
ငရဲအကျဉ်းထောင်၏အိမ်ကွင်း ၊ အညှာအတာမဲ့ သတ်ဖြတ်မှု

နောက်တစ်နေ့တွင် တောက်ပသောအလင်းရောင်က ကောင်းကင်မှတစ်ဆင့် အခန်းတွင်းမှ ကြမ်းပြင်ပေါ် ဖြာကျနေသည်။ ပုဖန် သက်ပြင်းကို ခပ်ညင်းညင်းပြီး အခန်းထဲမှ ထွက်လာခဲ့သည်။ ကျူးယန်တို့က ဧည့်ခန်းမတွင် ရောင်နေပြီဖြစ်သည်။ ယနေ့က ပြိုင်ပွဲ၏ ပထမဆုံးနေ့ဖြစ်၍ အခန်းထဲတွင် ကျင့်ကြံနေရမည့်အစား မနက်အစောပိုင်းထဲက ဧည့်ခန်းထဲတွင် စောင့်နေကြသည်။

ပုဖန် ယမန်နေ့က ပြုလုပ်ခဲ့သည်က သူတို့၏ ပေါက်ကွဲလုနီးပါးဒေါသကို စိတ်သက်သာရာ ရစေခဲ့သည်။ သူတို့အားလုံး အခန်းထဲ ပြန်ရောက်ပြီးချိန်တွင်လည်း စိတ်လှုပ်ရှားနေကြဆဲဖြစ်သည်။ အင်မော်တယ်စားဖိုမှူးတစ်ယောက်ဖြစ်ရခြင်းက သူတို့ကိုယ်သူတို့ အလွန်ဂုဏ်ယူစေပြီး ငရဲအကျဉ်းထောင် ထိပ်တန်းကျင့်ကြံသူတစ်ယောက်၏မျက်နှာကိုပင် ဖြတ်ရိုက်နိုင်စေလိမ့်မည်ဟု မထင်ခဲ့မိပေ။

သူတို့အားလုံးက စိတ်လှုပ်ရှားနေကြဆဲဖြစ်၍ ပုဖန်၏နှုတ်ခမ်းများ တွန့်ကွေးသွားသည်။
" စိတ်အခြေအနေကို ပြင်ဆင်ထားကြဦး ...  ဒီနေ့က အသင်းလိုက်ပြိုင်ပွဲနေ့ဆိုပေမယ့် အရင်လောက် မလွယ်လောက်ဘူး ... ငရဲအကျဉ်းထောင်ရဲ့ ခြိမ်းခြောက်မှုကို ကျုပ်ခံစားမိနေတယ် ..."

ကျူးယန်နှင့် အခြားလူများက ဤကိစ္စကို အများကြီးမတွေးမိကြပေ။ သူတို့အားလုံးအတွက် ဗိုလ်လုပွဲရောက်လာသည်မှာပင် မဟာအံ့အားသင့်ဖွယ်ကြီးဖြစ်နေ၍ များစွာမမျှော်လင့်ကြပေ။ သို့ဖြစ်၍ သူတို့ကျရှုံးသွားလျှင်လည်း ဂရုစိုက်ကြမည်မဟုတ်ပေ။

သို့ရာတွင် သူတို့က ပုဖန်၏ စကားကို နားထောင်ကြသည်။ ဤကဲ့သို့သော အခွင့်အရေးကောင်းကြီးကို မဖြုန်းတီးရဲကြပေ။

တည်းခိုခန်းမှ ထွက်လာပြီးသည့်နောက် နယ်သာရုပ်သေးပွဲကြည့်စင်မြင့်ဆီသို့ ထွက်လာလိုက်သည်။

နယ်သာရုပ်သေးပွဲကြည့်စင်မြင့်က အထွတ်အမြတ်ရုပ်သေးမြို့တော်၏ ထင်ရှားသောအမှတ်အသားတစ်ခုဖြစ်သည်။ ၎င်းက ကြည့်ရှု့သူပရိသတ် ရာနှင့်ချီ၍ ထိုင်နိုင်သောခုံများရှိသည့် ကြီးမားသောကွင်းကြီးဖြစ်သည်။ နှစ်စဥ်နှစ်တိုင်း မြို့တော်တွင် နယ်သာရုပ်သေးပွဲတော်လုပ်တိုင်း ဤနေရာက ပွဲကျင်းပရာအဓိကနေရာဖြစ်သည်။ ပြိုင်ပွဲက နယ်သာရုပ်သေးပညာရှင်မျိုးနွယ်၏ ပြိုင်ဘက်ကင်းလှုပ်ရှားမှုတစ်ခုဖြစ်ပြီး မြို့ထဲတွင်လည်း အလွန်နာမည်ကြီးသည်။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Where stories live. Discover now