1511 - 1515

25 5 0
                                    

အခန်း ၁၅၁၁
အခု မြို့ထဲကိုဝင်ဖို့ ကျုပ် အရည်အချင်းပြည့်ပြီမလား...

ဧရာမဇာမဏီ၏ကိုယ်မှ အဆီရည်များက မြေပြင်ပေါ်သို့တတောက်တောက်ကျနေသည်။ စွမ်းအားကြီးသည့်အော်ရာတစ်မျိုးက ဗုံးပေါက်ကွဲသွားသကဲ့သို့ အရပ်မျက်နှာအနှံ့ကို ပျံ့နှံ့သွားပြီး အားလုံး၏ နှာသီးဖျားထဲ စိမ့်ဝင်သွားကာ ယစ်မူးစေ‌သည်။

အဝေးမှ နတ်ဘုရားဘုရင်များက အံ့ဩတကြီးဖြစ်ကုန်ကြသည်။ ဤကဲ့သို့ ချက်ပြုတ်ခြင်းနည်းလမ်းမျိုးကို သူတို့ ပထမဦးဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်။ ဧရာမဇာမဏီငှက်အသားက ညကောင်းကင်ယံတွင် ကြယ်တစ်လုံးကဲ့သို့ တောက်ပနေပြီး အတွင်းနှင့်အပြင် နှစ်ဖက်စလုံးမှ ဆွဲဆောင်နေသည်။

ပုဖန်က ဇာမဏီငှက်ပေါင်ကြီးကို ကိုင်ထားပြီး အားရပါးရ ကိုက်စားနေသည်။ သွားက အသားထဲ နစ်ဝင်သွားသည်နှင့် နူးညံ့ကာအရည်ရွှမ်းသော အသားမျိုးကို ဝါးလိုက်ရသည်။

ဇာမဏီက အရွယ်အစားကြီးမားသော်လည်း အသားက ကြမ်းတမ်းနေခြင်းမရှိပဲ နူးညံ့နေသည်။ ကိုက်လိုက်ချိန်တွင် အသားထဲမှ အဆီရည်များ စိမ့်ထွက်လာပြီး ခံတွင်းထဲစီးဝင်သွားသည်။

ပုဖန်က ဇာမဏီအသားကို အားပါတရကိုက်၍ သေချာဝါးပြီး မျိုချလိုက်သည်။ ခြောက်သွေ့နေသည့် အစာအိမ်ကို မိုးရေဖြင့် ဖြန်းချလိုက်သကဲ့သို့ ဆာလောင်မှုကြောင့် စတင်လှုပ်ခါလာသည်။

ပုဖန် ခေါင်းမော့၍ သက်ပြင်းရှည်ကြီးချလိုက်သည်။ သူ့နှုတ်ခမ်းများ အဆီများဖြင့်ပြည့်နေပြီး မျက်နှာထက်တွင် ကျေနပ်အားရသည့်အမူအရာ ဖြစ်ပေါ်နေသည်။ ၎င်းက သူမျှော်လင့်ထားသည့်အရသာ၊ သူ လိုချင်သည့်အရသာဖြစ်ကာ လည်ချောင်းထဲမှ အစာအိမ်ထဲသို့ ကျဆင်းသွားသည့် အရသာက သူ့ကို ခဏတွင်းချင်း လန်းဆန်းသွားစေသည်။

သူ့အစာအိမ်က ကြိတ်စက်ကဲ့နှင့်တူပြီး သူစားလိုက်သမျှတိုင်းကို ချက်ချင်းအစာချေပေးလိုက်သည်။ ၎င်းက နှစ်သက်ပျော်ရွှင်ဖွယ် ခံစားချက်မျိုးဖြစ်သည်။

ပုဖန် သွား‌ရည်ကျလွန်းနေ၍ ပါးစပ်ထောင့်မှပင် အောက်သို့ စီးကျနေပြီဖြစ်သည်။ ဧရာမဇာမဏီပေါင်သားကိုကိုင်၍ အားပါးတရ ကိုက်ဝါးနေသည်။ ၎င်းက အိမ်တစ်လုံးစာခန့် ကြီးမားသော်လည်း ကြောက်ရွံ့နေခြင်းမရှိပေ။ ကုန်အောင်စားနိုင်မည်ကို သူသိသည်။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Where stories live. Discover now