1391 - 1395

69 12 0
                                    

အခန်း ၁၃၉၁
လူမျိုးတုံးသတ်ဖြတ်မှု

အချိန်စည်းတံဆိပ်လား...

ခွေးဘုရင်၏စကားများက တိထင်အားချက်ချင်းပင်အေးခဲသွားစေပြီး သူ၏သွေးစွန်းနေသောမျက်နှာထက်တွင် ထိတ်လန့်သောအကြည့်များပေါ်ထွက်လာစေခဲ့သည် ။ ထိုအရာက မည်ကဲ့သို့မှန်း သူ မသိသော်လည်း ကောင်းမွန်မည်မဟုတ်သည်ကို ခန့်မှန်းမိလေသည် ။ အချိန်တိုအတွင်းအသက်အရွယ်ကြီးမြင့်ပြီး သေဆုံးစေနိုင်သောစွမ်းအားတစ်ခုကာ အမှန်ပင်ကြောက်စရာ ကောင်း၍ အချိန်နိယာမက စကြာဝဋ္ဌာ၏အပြင်းထန်ဆုံး ဥပဒေဖြစ်ရန် အမှန်ပင်ထိုက်တန်လေသည် ။

တိထင်က တုန်လူပ်နေခဲ့သည်။ သူတို့နှစ်ဦးစလုံးက နတ်ဘုရားများဖြစ်သော်လည်း အဘယ့်ကြောင့်ကွာခြားချက်က ဤမျှကြီးမားနေမှန်း သူ မတွေးတတ်ချေ ။ ခွေးဘုရင်မှထုတ်လွှတ်နေသော ပြင်းထန်သည့်ဖိအားက သူ၏ဝိညာဥ်အပေါ်သို့ပင်သက်ရောက်မူရှိနေကာ အသက်ရှုကြပ်၍ နာကျင်ခံစားနေခဲ့ရသည် ။

သူ၏ ဝိညာဥ်ပင်လယ်အတွင်းတွင် တောက်ပနေသောအဖြူရောင် နတ်ဘုရားဗဟိုချက်ကလွင့်မြောနေကာ တိထင်က၎င်းကို နတ်ဘုရားစိတ်ဆန္ဒဖြင့်ထုပ်ပိုးကာကွယ်ပေးထားခဲ့သည် ။ ယခုမူ ၎င်းအပေါ်၌ ခြေရာပုံတစ်ခုထင်ကျန်နေကာ အချိန်နိယာမတရား၏ အော်ရာအမှတ်အသားပေါ်ထွက်လာပြီး သူ့အရိုးထဲတွင် တံဆိပ်ခတ်နှိပ်ထားသကဲ့သို့ ခွေးဘုရင်၏စည်းတံဆိပ်မှာ ထင်ထင်ရှားရှားကြီးပင်ရှိနေခဲ့သည် ။

နတ်ဘုရားတစ်ပါးဖြစ်လာပြီးနောက်တွင် နတ်ဘုရားဗဟိုချက်က အရေးအကြီးဆုံးပင်ဖြစ်ကာ ထိုအရာတည်ရှိနေမှ နတ်ဘုရားတစ်ပါးဟုသတ်မှတ်နိုင်၍ မပျက်ဆီးသွားသရွေ့ပြန်လည်ကုစားရှင်သန်နိုင်သည် ။

ဤသို့သော အလွန်အရေးပါသည့်နေရာမျိုးတွင် ခွေးဘုရင်ကစည်းတံဆိပ်ခတ်နှိပ်လိုက်ခြင်းက အလွန်ကြောက်မက်ဖွယ်ကောင်းသောအိပ်မက်ဆိုးကြီးတစ်ခုပင်ဖြစ်သည် ။

" မဟုတ်ဘူး ခင်ဗျားဒီလိုလုပ်လို့မရဘူး... "
တိထင်၏မျက်နှာပေါ်တွင် ရူးသွပ်သောအမူအရာများပေါ်ထွက်လာကာ ပြောဆိုနေစဥ်အတွင်း သူ၏ချစ်စရာကောင်းသောမျက်နှာလေးမှာ စိတ်ပျက်မူများဖြင့် ပြည့်နှက်နေခဲ့သည် ။ ခွေးဘုရင်က တိထင်အား ဘေးတိုက်တစ်ချက်ကြည့်ပြီး လက်ဖြင့်ခေါင်းကိုရိုက်ချလိုက်သည့်အခါ လေသံနှင့်အတူ တိထင်၏ခန္ဒာကိုယ်က မြေပြင်နှင့်ပြင်းထန်စွာရိုက်မိသွားခဲ့သည် ။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Where stories live. Discover now