လမ်းခွဲပြီးနောက်ပိုင်း ကျန်းဟာအိုနေ့ရက်တွေဟာ
စိတ်ထောင်းကိုယ်ကြေပါပဲ ။လူမှန်းမပေါ်တော့လောက်အောင်ကို ညှင်းသိုးသိုး
ဖြစ်နေတဲ့ မျက်နှာတွင် မုတ်ဆိတ်မွှေးပါးပါးတွေဟာ
နေရာယူထားလျက် ။တစ်ပတ်လုံးမရှင်းရသေးလို့ ရှုပ်ပွနေတဲ့အခန်းဟာလဲ
မြွေတစ်ကောင် ဝင်ခွေနေလျှင်တောင် ဟာအို့မှာ
သိနိုင်မည်မထင်ပါ ။လေးနှစ်လုံးလုံးသူ့ကိုအနီးကပ်ဂရုစိုက်ပေးခဲ့တဲ့
လူတစ်ယောက်ကိုရုတ်တရက်ကြီးဆုံးရှုံးလိုက်ရတာ
ကြောင့်သူဒီလောက် ဖရိုဖရဲဖြစ်နေတာက မလွန်လောက်
ဘူးလို့တော့ထင်မိပါသည် ။ရေချိုးခန်းထဲကမှန်မှာပေါ်နေတဲ့ ကိုယ့်ရုပ်ကိုယ်ကြည့်ပြီး
ကျန်းဟာအိုရဲ့စိတ်ဓာတ်တွေဟာ ဟိုးမြေကြီးထဲကို
ပိုလို့ပင်စုန်းစုန်းမြုပ်သွားသယောင် ။မျက်လုံးတွေမှာလဲအသက်မဲ့လှပြီး အစားကိုဟုတ်တိ
ပတ်တိမစားထားတာကြောင့် နဂိုပိန်သောခန္ဓာကိုယ်မှာ
ပိုတိုး၍သေးသွား၏။အဲ့နေ့ဟန်ဘင်းနဲ့ နောက်ဆုံးစကားပြောပြီးတဲ့နေ့ထဲက
သူ့အခန်းလေးထဲမှာပဲ ဘယ်မှမသွားပဲအခန်းအောင်း
နေခဲ့တာ ယနေ့နဲ့ဆိုတစ်ပတ်ကျော်နေချေပြီ ။ဖြစ်နိုင်ရင် ဘယ်မှမသွားတော့ဘဲ အိမ်မှာပဲနေလိုက်
ချင်သေးပေမဲ့ သူ့အလုပ်က Private Universty
တစ်ခုရဲ့ပါမောက္ခဖြစ်နေသောအခါ ကျောင်းကပို့လာ
တဲ့စာတွေကြောင့် မတက်သာပဲအပြင်ထွက်ရဖို့က
ဖြစ်လာသည် ။ဂျုတ်တစ်ခုနဲ့ မျက်နှာပေါ်က မုတ်ဆိတ်မွှေးတွေကို
ရိတ်သင်းလိုက်ပြီး ရေမိုးချိုးရသည် ။စိတ်မပါသော်လည်း ကိုယ်ကတော့မဖြစ်မနေ
လုပ်ကိုလုပ်ဆောင်ရမည့်ကိစ္စတွေပါပင် ။
အချိန်တွေကြာလို့မေ့သွားရင်လဲ ကောင်းမှာဆိုပေမဲ့
မေ့လို့မရမှာကိုတော့ လူတိုင်းထက်သူကပိုသိပါသည်မဖြစ်လာမဲ့ကိစ္စတွေကို ထိုင်တွေးပူနေမဲ့အတူတော့
လက်ရှိကိုလက်ခံပြီး ဟိုးအရင်တွေကလိုပဲ ငေးကြည့်
နေရဖို့သာ သူကတတ်နိုင်သည် ။
YOU ARE READING
Out Of the Woods
FanfictionI remember thinking... Are we out of the woods yet ? Start date : 14.8.2023 End date :29.8.2023