'Admire'

717 106 17
                                    

" ဒီတိုင်းပဲနေနေတော့မလို့လား ဆောင်းဟန်ဘင်း "

ဘေးနားက ထယ်ရယ့်အမေးအားဆောင်းဟန်ဘင်းက
ပြန်မဖြေလာ ။ လက်ထဲကဆေးလိပ်ကိုသာ
ခပ်ပြင်းပြင်းရှိုက်လေတယ် ။

" မင်းရောဂါအတွက်မကောင်းဘူးဆိုတာမသိဘူးလား "

ထယ်ရယ်ဟာသူ့လက်ထဲက ဆေးလိပ်ကိုဆွဲယူ
သွားလို့ မီးသတ်လိုက်ပါသည် ။

" ဒီလိုနဲ့နှစ်ယောက်လုံးသေကုန်တော့မှာပဲ "

ထယ်ရယ့်ရဲ့ညီးတွားတဲ့စကားအဆုံးမှာ
ဆောင်းဟန်ဘင်းကခပ်တိုးတိုးရယ်သည် ။
အပြုံးတွေကခြောက်ကပ်လို့ အပ်ကွဲကွဲရယ်ပါ ။
ဒီလိုပဲ သူ့နှလုံးသားတစ်စုံဟာလဲ ရစရာမရှိအောင်
စုတ်ပြတ်သတ်နေပါပြီ ။

" ငါသေတာဘာမှမဖြစ်ပါဘူးကွာ ၊ မဟုတ်လဲ
အချိန်တစ်ခုရောက်ရင်သေမဲ့ကောင်ပဲကို "

ဆောင်းဟန်ဘင်းက အိတ်ကပ်ထဲကဆေးလိပ်ဗူး
ထဲကဆေးလိပ်အသစ်တစ်ခုကိုထုတ်ယူလို့
မီးညှိပြန်တယ် ။ သူဘယ်တော့မှဆေးလိပ်သောက်တာ
ကိုယတိဖြတ်ပစ်မှာမဟုတ်ပါဘူး ၊ အရင်ကလဲ
မပြတ်ခဲ့သလို ၊ အခုလဲမဖြတ်နိုင်သေးပါဘူး ။

" တော်တော့လို့ဆောင်းဟန်ဘင်းရဲ့ US မှာ
မင်းရောဂါကိုအရှင်းပျောက်အောင်ကုပေး
နိုင်တာသိရက်နဲ့ ဘာကြောင့်အဲ့လောက်ဒုက္ခ
ခံနေတာလဲ "

ထယ်ရယ်ဟာပြောနေရင်း ဒေါသထွက်လာဟန်
အသက်ရှူသံပြင်းပြင်းကိုကြားနေရတယ် ။
ဆောင်းဟန်ဘင်းကတော့ အပြုံးမပျက်သူ့ရှေ့က
တည်ငြိမ်နေတဲ့ ရေကန်ပြင်ကိုကြည့်လို့သာ
ဆေးလိပ်ကိုနှုတ်ခမ်းဝ မှာတေ့ပြီးရှိုက်လိုက်တဲ့
အခါ မီးခိုးငွေ့တွေဟာထွက်ပေါ်လာပြီး ကောင်းကင်
ပေါ်သို့ပျံတက်သွားကြတယ် ။

အဲ့မီးခိုးငွေ့တွေလိုပဲ သူ့ရဲ့ဖြစ်တည်မှုဟာ
ကျန်းဟာအိုဘဝထဲကနေ ခဏလေးနဲ့
ပျောက်ကွယ်သွားနိုင်တာမျိုးဆိုကောင်းမယ် ။
ဒီလိုဆို သူလဲဘာမှနောက်ဆံတင်းနေစရာ
မလိုတော့ဘူးလေ ။

" ငါမနက်က ဟာအို့ကိုတွေ့ခဲ့တယ် ။ ပိန်သွားတာ
တော်တော်လေးကိုမြင်လို့မကောင်းဘူး ။ အရင်က
တည်ငြိမ်တဲ့သူက အခုဆိုအပြုံးအရယ်တောင်
မရှိတော့ဘူး "

Out Of the WoodsWhere stories live. Discover now