"We're clean now"

1.2K 130 5
                                    

ကျန်းဟာအို သူ့ရှေ့တွင်ကျန်းကျန်းမာမာနှင့်မတ်တပ်
ရပ်နေခဲ့သော ဆောင်းဟန်ဘင်းအားမျက်တောင်
မခတ်တမ်းငေးကြည့်နေဖြစ်သည် ။ သေချာပေါက်တော့
သူ့မျက်တောင်စွန်းလေးတွေမှာ မျက်ရည်စတွေ
ငြိတွယ်နေခဲ့မှာပင် ။

အကြာကြီးစောင့်နေခဲ့ရလားတဲ့.....
သေချာစီစဉ်ပြီးထားသွားခဲ့လားတောင်မှတ်ရတယ်
ဟန်ဘင်းရယ်...။

ကျန်းဟာအိုအောက်နှုတ်ခမ်းကိုဖိကိုက်ထားမိပြီး
မျက်ရည်တွေထပ်မကျလာမိစေရန် ထိန်းထားသော်
လည်း ကျလုဆဲမျက်ရည်တွေကိုခံစားမိသောအခါ
ဆောင်းဟန်ဘင်းကိုကျော်ပြီး ကားထဲပြေးဝင်မိတော့
တာပါဘဲ ။

ကားထဲရောက်မှ ကားစီယာတိုင်ပေါ်ခေါင်းမှောက်ချလို့
တင်းထားသမျှစိတ်တွေကိုလျှော့ချမိသည် ။ အသည်း
အသန်ငိုကြွေးနေမိတဲ့ ကျန်းဟာအိုဟာသူ့ကားပေါ်ကို
ဆောင်းဟန်ဘင်း တက်လာမှသာလျှင်မျက်ရည်တွေ
နှင့်ခေါင်းထောင်ကြည့်မိသည် ။

" ကိုယ်စိတ်မကောင်းဖြစ်အောင်လို့.. " ဟုဆိုကာ
သူ့ပါးပြင်ပေါ်ကမျက်ရည်တွေကို ဖွဖွလေး
သုတ်ပေးလာသူ ။

လက်နှစ်ဖက်ဖြင့် ကျန်းဟာအိုမျက်နှာလေးကို
တယုတယ ကိုင်ပြီးမျက်နှာအနှံ့ကိုကြည့်နေလိုက်
တာများ ကျန်းဟာအိုကိုအခုမှမြင်ဖူးသလိုပါပင် ။

ကျန်းဟာအိုကလဲ ဆောင်းဟန်ဘင်းရဲ့မတွေ့ရတဲ့
နှစ်တွေအတွင်း ပိုပြီးခန့်လာခဲ့တဲ့မျက်နှာချောချော
ကိုမျက်တောင်တစ်ချက်မခတ်မိဘဲစိုက်ကြည့်
နေမိတာ ဆောင်းဟန်ဘင်းလက်တွေထဲကရုန်းထွက်
ဖို့တောင်သတိမရ ။

" ဘယ်လိုလုပ်ပြီး မျက်နှာလေးကသေးသေးလေးပဲ
ရှိရတော့တာလဲ "

" အခုကအဲ့ဒါတွေမေးဖို့အချိန်လား ဟန်ဘင်း.. "

ကျန်းဟာအိုရဲ့ စကားကိုကြားသော်ဆောင်းဟန်ဘင်း
ကခဏတော့ တည်တံ့သွားပါသည် ။

" တောင်းပန်ပါတယ်ဆိုတာ ငါကြားချင်တဲ့စကား
မဟုတ်မှန်းမင်းသိမှာပါ ၊ ငါအရာအားလုံးနားလည်
ပေးနိုင်တာမလို့ ငါ့ပုံစံကမင်းအမြင်မှာဘယ်လောက်
တောင်အားနည်းနေတဲ့ပုံပေါက်နေခဲ့လို့ လျှို့ဝှက်ထားခဲ့
ရတာလဲဆိုတာပဲ သိချင်တယ် "

Out Of the WoodsWhere stories live. Discover now