'I'd rather die'

761 109 6
                                    

" ဟန်ဘင်းဟျောင်းက အဆုတ်ကင်ဆာရောဂါရှိနေ
ခဲ့တာ... "

တင်းထားတဲ့စိတ်အစုံမှာအောက်ခြေသို့တိမ်မြုပ်
ပျောက်ကွယ်ရလေသည် ။ သူ့ရဲ့ခံနိုင်ရည်အားဟာ
ဒီလောက်သာဖြစ်ပြီး ကမ္ဘာပေါ်မှာသူအချစ်ဆုံး
လူတစ်ယောက် သည်လောက်တောင်နေမကောင်း
ဖြစ်နေခဲ့တာကို နည်းနည်းလေးတောင်သတိမထား
ခဲ့မိခြင်းက ကျန်းဟာအိုကိုဒေါသထွက်စေသည် ။

သူဘယ်လောက်တောင်အသုံးမကျလိုက်သလဲ

" အားနာပေမဲ့ ဟန်ဘင်းဟျောင်းကိုဆေးကုသမှု
ခံယူပေးဖို့ပြောပေးပါလားကော... "

မက်သရူးရဲ့အသံဟာနောက်ဆုံးပိုင်းမှာတိုး၍
တိမ်ဝင်သွားလေသည် ။

" မက်သရူး ငါ့ကိုကြည့်ငါကရော ဟန်ဘင်းအဲ့လို
အဖြစ်ခံမဲ့လူမလို့လား..... "

" .... "

" ဒါပေမဲ့....ဒါပေမဲ့ သူငါ့ကိုမချစ်ဘူးလေ
ငါ့စကားကိုဘယ်လိုလုပ်နားထောင်မှာလဲ "

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "

မက်သရူးဟာမယုံကြည်နိုင်တဲ့မျက်လုံးတွေနှင့်
သူ့ကိုကြည့်လာသလို သူကလဲယခုအခြေအနေကို
မည်ကဲ့သို့တုံ့ပြန်ရမည်မှန်းတကယ်ကိုမသိတော့ပါပေ ။

သူဘာကိုယုံကြည်ရမလဲ.....သူအခုချိန်မှာဘာကို
လုပ်သင့်ပါလဲတကယ်ကိုမတွေးတက်တော့ ။
သူ့အတွက်အခုအခြေအနေကြီးကလက်ခံဖို့
ခက်ခဲသလို တစ်ဖက်မှာလဲသူကိုယ်တိုင်မျက်စိနဲ့
တပ်အပ်မြင်ခဲ့ရတဲ့ ဟန်ဘင်းရဲ့ရောဂါကြောင့်
ပိန်ကျသွားတဲ့ခန္ဓာကိုယ် ။

သူ့ရဲ့ဦးနှောက်နဲ့နှလုံးသား ၊ သိစိတ်နဲ့မသိစိတ်ဟာ
အခုချိန်မှာတကယ်ကိုလွန်ဆွဲနေခဲ့ပါပြီ ။

" ကော...ကျွန်တော်အများကြီးမသိပေမဲ့
ကောတို့အတူရှိခဲ့ဖူးတဲ့အချိန်တွေကိုစဉ်းစားကြည့်ပါ
ကျွန်တော်နဲ့နောက်ဆုံးဖုန်းပြောဖြစ်ခဲ့တာကလွန်ခဲ့တဲ့
နှစ်နှစ်တုန်းက အဲ့တုန်းကကောတို့ဘာလုပ်ခဲ့လဲဆိုတာကို
စဉ်းစားကြည့်ပါ ။ ဘာလို့ဆိုအဲ့တုန်းကကျွန်တော်နဲ့
ဖုန်းပြောနေရင်း ဟျောင်းက ကောကိုဆုံးရှုံးရမှာ
ဆိုးလို့ငိုနေခဲ့တာမလို့ "

Out Of the WoodsWhere stories live. Discover now