'The Scar'

749 128 12
                                    

ကျောင်းဘက်ကအရေးကြီးစည်းဝေးခေါ်လို့
ကျန်းဟာအိုမှာ ညနေဘက်ကြီးအပြေးအလွှား
သွားရပြီး ပြန်ရမည့်အချိန်တွင်ညဘက်ရှစ်နာရီ
ကျော်လို့ ကိုးနာရီပင်ရှိတော့မည် ။

ကားကိုကျောင်းထဲမှာပဲထားခဲ့ပြီး အိမ်သို့
လမ်းလျှောက်ပြန်ရန်သာစိတ်ကူးလိုက်သည် ။
သူလမ်းမလျှောက်တာလဲကြာပြီမလို့ တစ်ခါ
လောက်လေးလေငြင်းခံပြီး လျှောက်ကြည့်ရန်
စိတ်ကူးလိုက်သည် ။

ကားလော့ကိုသေချာချကာ လည်ပင်းတွင်
မာဖလာအနီရောင်လေးအား ခပ်တင်းတင်းပတ်လို့
ကုတ်တစ်ထည်ထပ်ပြီးသော် ကျောင်းအပြင်သို့
လျှောက်ထွက်ခဲ့သည် ။

ဆောင်းတွင်းအဝင်လေးမလို့ ရာသီဥတုက
ခပ်စိမ့်စိမ့်လေးဖြစ်နေကာ လမ်းလျှောက်လို့
အသင့်တော်ဆုံးအချိန်ဟုပြောရမည် ။

လူသွားလမ်းလေးအတိုင်း လျှောက်နေရင်း
ဘေးနားကပတ်ဝန်းကျင်ကိုလည်းမျက်လုံး
လေးဖြင့်ကစားမိသည် ။

အရာရာကသူ့နေရာနှင့်သူရှိပြီးအေးအေးချမ်းချမ်း
ပါပင် ။ အဘယ်ကြောင့်ရယ်မသိပါ ကျန်းဟာအို
ကတော့ တရုတ်ထပ်ပိုပြီး ကိုရီးယားမှာရှိနေခဲ့တဲ့
အချိန်တွေကို ပိုသဘောကျဆဲပင် ။

ညနေဘက်ကျောင်းဆင်းချိန်တွေဟာကျန်းဟာအို
အတွက်ပျော်ရွှင်ဖွယ်အတိဖြစ်ခဲ့တာပေါ့ ။ ဟန်ဘင်း
နဲ့အတူ လက်ချင်းတွဲလို့လျှောက်ခွင့်ရတဲ့ရက်တွေ
ဟာကျန်းဟာအိုအတွက်တော့ ဘာနဲ့မှအဖိုးဖြတ်လို့
မရနိုင်တဲ့ အမှတ်တရလေးတွေသာဖြစ်ပါသည် ။

အိမ်ပြန်လမ်းတစ်လျှောက် ကျန်းဟာအိုရဲ့
ရယ်သံလွင်လွင်လေးနဲ့စကားသံတွေသာ
ပြည့်နှက်နေတက်ပြီး ဟန်ဘင်းကတော့သူ့ကို
ပြုံးပြုံးလေးငဲ့ကြည်လို့ သူပြောတာတွေကို
နားထောင်ပေးတက်ပါသည် ။

အစကတော့ ကျန်းဟာအိုထင်ခဲ့သည်မှာ
နဂိုတည်းက အနေအေးသူမလို့သူနဲ့စကား
အများကြီးမပြောတာဟု ထင်ခဲ့ပေမဲ့အခုတော့
သူ့ကိုမချစ်ခဲ့လို့ဆိုပြီးပဲတွေးနေတဲ့သူ့အတွေးတွေကို
ရပ်တန့်မရပါပေ ။

ဒီရက်ပိုင်းအတွင်း သူ့ကိုနှိပ်စက်နေခဲ့တဲ့အကယ်၍
ဆောင်းဟန်ဘင်းများသူတကယ်ချစ်ရမည့်သူကို
တွေ့သွားလျှင်ဆိုတဲ့အတွေးတွေက ဟာအို့အတွက်
တကယ်ကိုအဆိပ်အတောက်ပင် ။

Out Of the WoodsWhere stories live. Discover now