'Him'

722 122 5
                                    

ကမ်းခြေသို့လာရောက်ရိုက်ခတ်တဲ့လှိုင်းသံတွေအား
နားထောင်လို့နိုးလာရတဲ့မနက်ခင်းတွေအား
ဆောင်းဟန်ဘင်းအသားကျခဲ့ပေပြီ ။ပင်လယ်ဘက်ကို
မျက်နှာမူလို့ လေအေးခံတာကသူ့အကျင့်လိုဖြစ်လာ
သည် ။

ဒီနေ့တွင်သူဆေးစစ်ချက်တစ်ခုထွက်လာဖို့ရှိပြီး
အကယ်၍ ထိုဆေးစစ်ချက်တွင်သူ့ရဲ့ကင်ဆာဆဲလ်
တွေဟာ အကုန်ပျောက်ကွယ်သွားပြီဆိုလျှင်
သူဟာ အိမ်ကိုပြန်လို့ရပြီဖြစ်ပါသည် ။

သူ့ဘဝရဲ့ အနွေးဓာတ်လေးရှိရာ ၊ သူ့ဘဝပဲ့ကိုင်ရှင်
လေးစောင့်နေရာသို့ သူပြန်လို့ရပြီဖြစ်ပါသည် ။

" ဟန်ဘင်းရှီး အဲ့လိုနဲ့နေမကောင်းပြန်ဖြစ်တော့မယ်နော် "

ကိုယ့်အတွေးနဲ့ကိုယ်ပျော်နေတာမလို့ အနောက်က
ဝင်လာသော ဆရာဝန်အားဟန်ဘင်းသတိမထားမိလိုက်

" ကျွန်တော့်တွက်သတင်းကောင်းသယ်လာပေးမယ်လို့
ပြောခဲ့တာနော် ဒေါက်တာ "

ဆရာဝန်ဟာ ခပ်ဟဟရယ်ပြီးသော် ဟန်ဘင်း
ဘေးနားတွင်ယှဉ်၍လာရပ်လေသည် ။ နှစ်တွေ
အများကြီးကြာသွားပေမဲ့လဲ ဆောင်းဟန်ဘင်းဟာ
သူတစ်ယောက်တည်းနေထိုင်တဲ့အိမ်လေးသို့
သူ့ကိုလာရောက်ဂရုစိုက်ပေးသည့် သူနာပြုမလေးနှင့်
ဆရာဝန်နှစ်ယောက်နဲ့ကြား လိုတာထက်ပိုသည့်
ဆက်ဆံရေးမရှိခဲ့ပါပေ ။

သာမန်လူအနေနဲ့ဆိုရင်တော့ နှစ်နှစ်ဆိုတဲ့အချိန်ဟာ
သံယောဇဉ်တွယ်ဖို့အတွက် လိုတာထက်ပိုတဲ့
အချိန်အကြာကြီးဖြစ်သော်လည်း သူ့အနေနဲ့ကတော့
အချိန်တန်ရင်နှုတ်ဆက်ရမဲ့ခဏတာဆက်ဆံ
ရေးဖြစ်တာမလို့ သိပ်ပြီးအရောတဝင်မနေခဲ့ခြင်း
ဖြစ်ပါသည် ။ သူ့လိုလူမျိုးအတွက်တော့
တစ်ဘဝလုံးမှာ သံယောဇဉ်ကြိုးတွေနဲ့ရော ၊
မေတ္တာကြိုးတွေနဲ့ပါ ချည်နှောင်မိသူဟာ
ဒီကမ္ဘာကြီးပေါ်မှာ တစ်ယောက်တည်းသာလျှင်
ရှိပါသည် ။

" ကျွန်တော်တစ်ခုလောက်မေးလို့ရမလား
ဒေါက်တာ "

" တစ်ခုမကမေးလို့ရပါတယ် ဟန်ဘင်းရှီး
ဒါနဲ့ အခုမေးခွန်းက ကျွန်တော်နဲ့ဟန်ဘင်းရှီး
ကြားကနောက်ဆုံးမေးခွန်းလို့ဘာလို့ခံစားနေရတာလဲ "

Out Of the WoodsWhere stories live. Discover now