'False God'

745 118 9
                                    

Ting ~ Tong ~

စနေတနဂ်နွေပိတ်ရက်ဖြစ်တာမလို့ အိမ်မှာနောက်ကျ
တဲ့ထိအနားယူပါမယ်လို့တွေးထားတဲ့ ကျန်းဟာအိုရဲ့
အကြံအစည်တွေသည် တံခါးကထွက်လာတဲ့ဘဲလ်
သံကြောင့်အကြီးအကျယ်ပျက်စီးသွားရသည် ။

ကုတင်ဘေးနားက ခုံပေါ်ကမျက်မှန်ကိုလှမ်းယူလိုက်ကာ
အဆက်မပြတ်ထွက်ပေါ်နေတဲ့ ဘဲလ်သံကြောင့်
တံခါးရှိရာဆီအလျင်အမြန်လှမ်းရပါတော့သည် ။

" မောနင်း ကော "

" လာပြန်ပြီ ဆော့မက်သရူး ဘာကိစ္စရှိရပြန်တာလဲ "

တံခါးဖွင့်ဖွင့်လိုက်ခြင်းမြင်လိုက်ရတဲ့ ဆော့မက်သရူး
မျက်နှာကြောင့် ကျန်းဟာအိုမှာမျက်နှာကိုရှုံ့တွ
မိသွားသည် ။

အိမ်ကိုလာလည်သည်ကအကြောင်းမဟုတ် တစ်ခါ
တစ်ခါလာလျှင်မရိုးရအောင်ပြဿနာတွေတစ်ခုမဟုတ်
တစ်ခုသယ်လာတတ်သောကြောင့်ပင် ။

ရှေ့တစ်ပတ်တုန်းကလဲ ကွန်ဒိုကကားပါကင်စောင့်တဲ့
ဦးလေးကြီးကို အဂ်လိုသွားပြောနေလို့ဟိုကနားမလည်
လို့နှင်လွှတ်တာကို သူ့ကိုနှင်ထုတ်ပါတယ်ဆိုပြီး
အကြီးအကျယ်ပြဿနာရှာသွားသေးသည် ။

ယခုလဲအထုတ်ကြီးအထုတ်ငယ်နဲ့ သူ့ဆီကို
ဘာပြဿနာတွေယူလာပြန်ပြီမသိ ။ ခင်မင်သော
အချိန်မှာ တစ်လကျော်သာရှိသေးသော်လည်း
မက်သရူးဟာ သူ့ကိုအလွန်ခင်တွယ်ပြီးအလွန်ချစ်စရာ
ကောင်းတဲ့လူတစ်ယောက်ဖြစ်သလို သူ့ကိုဒုက္ခလဲ
အလွန်ပေးသော ကလေးတစ်ယောက်ဖြစ်ပါသည်

" ကောဒီနေ့အားတယ်မလား "

" မအားဘူး "

" စနေနေ့လေဗျာ ဘယ်သွားစရာရှိလို့လဲ "

" စနေနေ့မလို့ကိုမအားတာ.... "

စနေနေ့ကသူ့ရဲ့ပိတ်ရက်တစ်ရက်ဖြစ်သလို
ဆောင်းဟန်ဘင်းအလုပ်ပိတ်သောရက်တစ်ရက်လဲ
ဖြစ်သည် ။

ဆောင်းဟန်ဘင်းကဒီလိုနေ့မျိုးဆိုအရင်တုန်းက
သူနဲ့တူတူအချိန်ပေးခဲ့တာမလို့ ယခုလိုသူတစ်ယောက်
တည်းဖြတ်သန်းရမဲ့ နောက်ထပ်စနေနေ့တစ်ရက်မှာ
တော့ဆောင်းဟန်ဘင်းရှိရာဆီသွားဖို့ဆုံးဖြတ်
ထားပါသည် ။

Out Of the WoodsWhere stories live. Discover now