LOVE NEVER DIES

930 66 5
                                    


UNI...

PART (1 ) ✨🌻

DH Hospital ဆိုတာ South Korea ရဲ့
အချမ်းသားဆုံးစာရင်းဝင် Lee DongMin ဖွင့်ထားသော ပုဂ္ဂလိက ဆေးရုံဖြစ်သည်။ခေတ်မှီစက်ပစ္စည်းတွေနှင့် ခွဲစိတ်ကုသပေးသည့်အပြင်ထူးချွန်ဆရာဝန် အများအပြားရှိသည့်ဆေးရုံဆိုလည်း မမှားပေ။ဆေးရုံအပြင်အဆင်ဟာ ခေတ်မှီပြီး ခမ်းနားလွန်းတာကြောင့် တော်ရုံလူတန်းစားတွေ အနားပင်‌ဖြတ်မလျှောက်ရဲသည့်နေရာဟုလည်း ဆိုရမည်။သို့ပေမယ့် လူချမ်းသားတွေအတွက် ဇိမ်ခံကောင်းသော နေရာဖြစ်သည်။

ဆေးရုံပတ်ဝန်းကျင်ဟာ သန့်ရှင်းလှပတင့်တယ်လျက်ရှိပြီး မြင်ရုံနှင့် ယဉ်သပ်ရှုမောဖွယ်ကောင်းသောပန်းခြံကျယ်ကြီးဟာ နိဗ္ဗာန်အလား ထင်ရသည်။လတ်ဆက်သောလေထုကို ရူရှိုက်ရန် လိုအပ်သောလူနာရှင်တွေ၊မွန်းကြပ်မှုကို လာဖြေဖျောက်သောဆရာဝန်တွေ၊လူနာရှင်မိသားစုတွေနှင့် ပြည့်နှက်နေသောထိုပန်းခြံဟာ လူတိုင်းကို ပျော်ရွှင်စေပြီး ဘဝရဲ့အမောတွေကိုလည်း ပြေစေသွားသည်။ထို့ပြင်မဟုတ်ဘဲ။ဆရာဝန်အများစုဟာ သဘောကောင်းပြီး စိတ်ထားဖြူစင်သူများလည်း ဖြစ်သည်။

ထို့သို့သော ဆေးရုံမှာ အလုပ်လုပ်သော ဆရာဝန်တွေဟာ လစာကောင်းပြီး ချမ်းသားသူများ,များဖြစ်သည်။သို့သော် Min Hyung ဆိုတဲ့ ခွဲစိတ်ဆရာဝန်လေးကတော့ သူ့လစာတွေကို ဝေခြမ်းပြီး ပေးဝေတတ်သူမို့ စုမိသည့်ပိုက်ဆံမှာ အနည်းငယ်မျှသာ။တစ်ခြားဆရာဝန်တွေလို နောက်ဆုံးပေါ် ကားတစ်စီးပြီး တစ်စီးပြောင်းမစီးနိုင်ပေမယ့် သူမှာ ကားအကောင်းစားတစ်စီးနှင့် တိုက်ခန်းတစ်လုံး ပိုင်ဆိုင်ထားသည်။

ထိုပိုင်ဆိုင်မှုလေးနှင့် သူ့ဘဝက အဆင်ပြေနေပြီမို့ လစဉ် မိဘမဲ့ဂေဟာ(၃)ခုကို ငွေအများအပြား လှူဒါန်း‌ခဲ့သည်။လောဘမရှိဘဲ ကလေးတွေဆီမှာ ရသောပျော်ရွှင်မှုဖြင့် ပီတီဖြာနေသောသူဟု ထင်ရပေမယ့် သူမှာ သေးငယ်တဲ့ဆန္ဒလေးတစ်ခုတော့ ရှိနေခဲ့တယ်။အဲ့ဒါ တစ်ယောက်တစ်စုံဆီက အချစ်တွေ သာ။

✨🌻

စင်မြှင့်ထက်မှာ မိန်းခွန်းပြောနေသော ဆေးရုံအုပ်ဟာ ဩဇာအာဏာအပြည့်နှင့် သူ့လက်အောက်မှာ ဆရာဝန်တွေရဲ့အာရုံစိုက်မှုကို အပြည့်အဝရထားသည်။သူ့စကား တစ်ခွန်းဆို တစ်ခွန်း ပြန် တုန်ပြန်သောလက်အုပ်သီးသံတွေကြား ကျေနပ်တီပီဖြစ်စွာ စကားတွေကို ရှေ့ဆက်ဖြစ်သည်။သို့သော် သူ့စကားကို အလေးမထား၊အဖက်မလုပ်သည့်ခွဲစိတ်ဆရာဝန်တစ်ယောက်ရှိသည့်ကိုတော့ မသိခဲ့ပါ။

LOVE NEVER DIES Tahanan ng mga kuwento. Tumuklas ngayon