LOVE NEVER DIES

261 46 0
                                    

UNI....

PART (4) ✨🌻

« MinHyung Shi ဒီနေ့ ကျွန်တော့်လက်ထောက် နားရက်မို့ အစားဝင်ပေးပါလား»

စိမ်းပြာရောင် ခွဲစိတ်ခန်းဝတ်စုံကို Duty Coat အဖြူရောင် ထပ်ဝတ်ထားသည့်ဆရာဝန်တွေအများကြီးထဲမှာ နှလုံးသားလေးက သူကို ရွေးပြီး အကူအညီလာတောင်းသည်။မျက်လုံးလေးတွေကလည်း သူကို ကူညီပါဟု အသနားခံလေတော့ သူက ငြင်းနိုင်ရိုးတဲ့လား။

«ဘယ်အချိန်လဲ»

« (၂)နာရီ»

သူ့လူနာက (၁၀)နာရီမှာ ခွဲစိတ်ခန်း ဝင်ရမည်။(၁)နာရီလောက်မှာ ပြီးမှဆိုတော့ အချိန်တော့ မှီပါတယ်။

«အင်း»

ဘယ်တတ်နိုင်မလဲ။နှလုံးသားလေးက အကူအညီလာတောင်းမှတောင် ဒီနေ့ (၆)နာရီဆက်တိုက် ခွဲစိတ်ခန်း ဝင်ရမှာပေါ့။

«MinHyung Shi ကျေးဇူးတင်ပါတယ် ။ ‌
MinHyung Shi အကူအညီလိုရင်လည်း ကျွန်တော်ကို ပြောပါ။ကျွန်တော် ပြန်ကူညီပါ့မယ်»

မျက်လုံးလေးတွေကအစပြုံးပြီး ပြောလာသည့်မို့ MinHyung အချိန်အတော်ကြာထိ ငေးခနဲ့ ဖြစ်သွားသည်။ပြီးမှ  ချောင်းဟမ်းကာ HaeChan အနားမှာ မြန်မြန် ပြေးခဲ့ရသည်။

တော်သေးသည်။သူ ငေးကြည့်နေတာ မိတော့မလို။

✨🌻

«SuJin လူနာသတိရတဲ့အထိ အနားမှာ စောင့်နေနော်»

MinHyung ဟာ သူ့လက်ထောက်လေးကို သေချာမှာပြီး HaeChan နှင့် ခွဲစိတ်ခန်းဝင်ရန် ထွက်လာခဲ့သည်။

HaeChanက သူကိုမြင်တော့ ဝမ်းသားအားရ ပြေးကြိုသည်။

« MinHyung Shi အဆင်သင့်ဖြစ်ရင် ခွဲစိတ်ခန်း ဝင်ကြမယ်»

«အင်း။စကြတာပေါ့»

တစ်ခါမှ HaeChan နှင့် ခွဲစိတ်ခန်း အတူတူမဝင်ဖူးတာကြောင့် MinHyung အနည်းငယ် စိတ်လှုပ်ရှားနေသည်။ထို့ကြောင့် လေကို ဝအောင်ရှုထုတ်လိုက်ပြီးမှ ခွဲစိတ်ခန်းထဲ ဝင်လာခဲ့ရသည်။

နောက်ဆုံးမှာ လူနာကို အောင်အောင်မြင်မြင်နှင့် ခွဲစိတ်နိုင်ခဲ့တယ်။ဒါပေမယ့် မမျှော်လင့်ထားဘဲ ပြဿာနာတွေက MinHyung ကို တန်းစီးပြီး စောင့်နေခဲ့တယ်။

LOVE NEVER DIES Where stories live. Discover now