LOVE NEVER DIES

264 44 0
                                    

UNI...

PART (3) ✨🌻

ပုံမှန်ထက်စောပြီး ကျောင်းရောက်လာတဲ့ HaeChanဟာ သူ့မြင်နေရသည့်အဆောင်လေးကို ကြည့်ပြီး ပြုံးနေခဲ့သည်။ပြီးတော့ သူ့လက်ထဲမှာလည်း ပန်းချီဆွဲစာအုပ်‌လေးနှင့် သူ့သဘောကျရသည့်ကိုကို့အပုံတွေ ထိုင်ဆွဲနေခဲ့တယ်။မကြာခင်မှာ ကိုကိုက အထက်တန်းပြီးတော့မှာမို့ နှုတ်ဆက်စကားပြောရင်း ကိုကိုအား ချစ်ဖွင့်ပန်ဖို့ထိုင်စောင့်နေတာဖြစ်၏။

ကိုကို ဖွင့်ပြောမှ ချစ်သူဖြစ်ကြမယ်ဆို ကျွန်တော့်အသက်(၄၀)ကျော်သွားလိမ့်မယ်။ကိုကိုက ဖွင့်ပြောလာမှ မဟုတ်ဘူး။ကျွန်တော် ငြင်းမှာကို တွေးကြောက်နေတဲ့ကိုကိုက ကျွန်တော်ဆီမှ ချစ်စကားကြားရင် အတော်လေးအံ့ဩသွားမှာကိုတွေးမိတော့ အပြုံးတွေက ပိုလို့ပင် ပီပြင်လာခဲ့သည်။

လက်တို့အား အလုပ်ပေးရင်း ကိုကိုအလာကို စောင့်ရသည်မှာ ရင်ခုန်ဖို့ကောင်း၏။မျှော်နေသည့်လူက ဒီနေ့မှ နောက်ကျနေတာမို့ အနည်းငယ် စိတ်ကောက်ချင်လာသည်။ကိုကိုက ဘာလို့ ဒီနေ့မှ ကျောင်းအစောကြီး မလာရတာလဲ။

« HaeChanniee~»

ချိုသာလွန်းသောအသံလေး။ရင်ခုန်နှုန်းတွေမြန်စေသောအသံလေးကြားရုံနှင့် လူက ထိန်လန့်တကြားနှင့် ဆွဲလက်စအပုံကိုပင် ကွယ်ဝှက်မိသည်။

«မင်း ငါကို သိပါ့မလား မသိဘူး။ငါကတော့ မင်းကို ချစ်နေတာ HaeChanniee~ »

မျက်လုံးလေးပြူးပြီး အံ့ဩရသည်။ကိုကိုက ဘယ်ကသတ္တိတွေနဲ့ ကျွန်တော်ဆီရောက်လာတာလဲ။ကျွန်တော်ကို မြင်ရင် ရှက်လွန်လွန်းလို့ နားလေးတွေရဲနေခဲ့တာ ကိုကို မဟုတ်ဘူးလား။

« Channie !!»

«ဟမ်?»

အဝေးမှ လှမ်းခေါ်သောဆယ်မီအသံကြောင့်သာ ကိုကိုဆီမှ အကြည့်လွှဲလိုက်ရတာ။တကယ်တော့ ကိုကိုရဲ့အချစ်မျက်ဝန်း‌တွေကို အဝကြီး ထိုင်ကြည့်ချင်သေးတာ။

«လာ မြန်မြန်။ပြစရာရှိတယ်»

«အာ...ငါ»

ကိုကိုအား တစ်ချက်လှမ်းကြည့်လိုက်သည်။အလိုက်ကန်းဆိုးမသိ လာခေါ်တဲ့သူငယ်ချင်းမကို နားရွက်ချည်းသာ လိမ်ဆွဲလိုက်ချင်တယ်။

LOVE NEVER DIES Where stories live. Discover now