LOVE NEVER DIES

296 46 2
                                    

UNI....

PART (2) ✨🌻

ဆယ်ကျော်သက်ရွယ်မှာ ရူးနှမ်းခဲ့သောအချစ်တွေကို ပြန်တွေးတိုင်း နာကျင်ရသည်။သို့ပေမယ့် သူ့အချစ်တွေကို လျစ်လျူရှူခဲ့သည့်လူကို ယနေ့တိုင် ချစ်နေဆဲပင် ။

« MinHyung Shi »

ကော်ဖီခွက်လေးကိုင်ပြီး ခေါင်းမိုးထပ်ပေါ်မှာ ဆွေးမြေ့နေသော MinHyung ဟာ အသံလေးကြားရုံနှင့် ဘယ်သူမှန်းသိလေတော့ ချက်ချင်း ခေါင်းစောင်းပြီး လှည့်ကြည့်သည်။

«ဘာလဲ။ဒီနေရာက စိတ်ထွက်ပေါက်လား»

MinHyung က ခေါင်းငြိမ့် ၊ခေါင်းခါ မပြုဘဲ ကော်ဖီခွက်ကို ငုံသောက်လိုက်သည်။

«ကျွန်တော့်အကြောင်းက ထင်သလောက် စိတ်ဝင်စားဖို့ မကောင်းဘူး»

«လာမစပ်စုနဲ့လို့ ပြောလိုက်တာလား»

«အဲ့လိုဖြစ်သွားရင် တောင်းပန်ပါတယ်»

အခြေအနေက အနည်းငယ် ကို့ရိုးကားယားဖြစ်သွားပြီး HaeChan က မျက်နှာကို တစ်ဖက်ဘက်သို့ လှည့်သွားသည်။

«ဟို...စိတ်ဆိုးသွားတာလား »

MinHyung မှာ မရဲတရဲလေးနှင့် မေးရသည်။

«ကျွန်တော်မှာ စိတ်ဆိုးခွင့်မှာ မရှိတာ »

အပြုံးလေးတစ်ပွင့်နှင့် ဆိုလာသည်။ဘာကြောင့်မှန်းမသိ ထိုစကားလုံးက သူကို ဝမ်းနည်းသွားစေတယ်။

« ဒါဆို Dr HaeChanniee စိတ်ဆိုးခွင့်ရှိတဲ့လူက ဘယ်သူတွေလဲ»

« ဒယ်ဒီရယ်။မာမီရယ်။ ဆယ်မီရယ်။ TaeYong Hyung ရယ် ။ ပြောရရင် ကျွန်တော်ကိုချစ်တဲ့သူတွေ‌ပေါ့»

«အင်း»

‌ဝမ်းနည်းလာသည့်စိတ်ကို မနည်းမြိုချထားရသည်။သူကို (HaeChan) ချစ်တဲ့လူ နောက်တစ်ယောက် ထပ်ရှိသေးတယ်ဆိုတာ မမှတ်မိတော့ဘူးပဲ။အရဲစွန့်ပြီး ဖွင့်ပြောခဲ့တာတွေက အသုံးဝင်သောအမှိုက်တစ်ခု ဖြစ်ခဲ့လေသည်။

«လမ်းမှာ အမှတ်မထင် ခွေးလေးတစ်ယောက် တွေ့ခဲ့ရင် မှတ်မိနိုင်လား»

«သေချာပေါက် မမှတ်မိဘူးပေါ့။ဒါပေမယ့် ‌အဲ့ဒီခွေးပေါက်လေးက အရမ်းချစ်ဖို့ကောင်းနေရင်တော့ မှတ်မိမယ် ထင်တယ်»

LOVE NEVER DIES Where stories live. Discover now