LOVE NEVER DIES

288 49 6
                                    

UNI....

PART (5) ✨🌻

MinHyung ဆီမှာ လျစ်လျူရှုခံရပြီးနောက်
အသည်းကွဲနေသောHaeChanဟာ ဆေးရုံမှာပရဟိတဆေးကုသမှုနှင့် မိဘမဲ့ဂေဟာတစ်ခုကို ပါသွားခဲ့သည်။ဒီအကြောင်းတွေကို ,ကိုကို သိလျှင် ပျော်နေမလား တွေးမိတော့ ကျွန်တော်ဟာ ငရဲမီးထဲ ရောက်သွားသလိုပင် ပူလောင်လာခဲ့သည်။ဟုတ်သည်။ကိုကိုအား  ကျွန်တော့်အသက်ထက်ပိုချစ်သည်။ Taeyong Hyung ပြောသလို ကျွန်တော့်စိတ်ကျွန်တော် ညာပြီး ကိုကို,ကို မေ့ပစ်ဖို့ ကြိုးစားနေတာဖြစ်သည်။

နှစ်တွေကြာသည့်အထိ မုန်းမသွားဘဲ ရင်ဘတ်ထဲမှာ အမြစ်တွယ်နေတဲ့အဲ့ဒီလူသားကို ရှင်းထုတ်ပစ်ချင်နေပြီ။ခက်သည်က ကျွန်တော်ဟာ ကိုကို လို အပြောင်းအလဲမြန်သောလူတစ်ယောက် မဟုတ်ပါ။ချစ်မိသည်ဆိုကတည်းက ထာဝရအထိ ရည်ရွယ်ထားသူဖြစ်သည်။

« Dr  HaeChan ဂေဟာ ရောက်ပြီ»

«အာ..ဟုတ်ကဲ့»

ကားနောက်ခန်းထဲမှာ ဆေးအိတ်တွေယူပြီး ဂေဟာထဲ အလျင်အမြန်ဝင်ခဲ့တယ်။ဆေးကုသရန်ပြင်ဆင်ပေးထားသောနေရာမှာ ဆေးအိတ်ချကာ ပစ္စည်းတစ်ချို့ ထုတ်ယူလိုက်သည်။တန်းစီရောက်လာသောကလေးတွေဟာ ရောင်စုံဘောလုံးလေးတွေအတိုင်း ချစ်ဖို့ကောင်းလို့ နေသည်။

« Doctor က DH ဆေးရုံကလားဟင်»

သွေးပေါင်ချိန်ရင်း ဆေးစစ်မှုခံယူနေသော
ကလေးတစ်ယောက်ဆီမှာ စကားသံဖြစ်သည်။HaeChan ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။ထိုအခါ အရောင်တွေလဲ့သွားသောကလေးငယ်မျက်ဝန်းလေးက တဖျတ်ဖျတ်လတ်နှင့်မို့ ။

«DH ဆေးရုံမှာ သားရဲ့ အသိရှိလို့လား»

«ဟုတ်ကဲ့! »

«ဘယ်သူများလဲ»

« MinHyung  Hyung »

ကလေးငယ်ကို အားဆေး‌ပေးရန် ပြင်နေသောလက်ချောင်းတွေဟာ ရပ်တန့်သွားပြီး ရင်ဘတ်ထဲမှာ ဆူးပြီးအောင့်လာသည်။
ဦးနှောက်ထဲမှာ မေးခွန်းတွေအများကြီးရှိပေမယ့် ဘယ်တစ်ခုကိုမေးရမှန်းမသိ၍ ကလေးငယ်ကိုသာ ငေးကြည့်ဖြစ်သည်။

« ကျွန်တော်တို့ Hyung ကို သိလားဟင်»

ကျွန်တော်လည်း ကိုကိုလို့ မသိဘူး ပြန်ဖြေလိုက်သင့်လား။

LOVE NEVER DIES Where stories live. Discover now