LOVE NEVER DIES

303 41 0
                                    

UNI....

PART (8) ✨🌻

«ကိုကို~»

MinHyung ဟာ Mrs Lee ပြောလိုက်သော အပေါ်ထပ်မှာ နှစ်ခန်းမြောက်အခန်းလေးကို တံခါးခေါက်လိုက်ချင်း ရင်ခွင်ထဲ တိုးဝင်လာသည့်ချွဲစိန်လေးကို ‌ပြန်လည်ပွေ့ဖက်လိုက်သည်။

«ကြာလိုက်တာ။ကျွန်တော်က အိပ်ပျော်တော့မယ်»

«ရေချိုးထားတာလား။မွှေးနေတာပဲကွာ»

MinHyung က ရင်ခွင်ထဲမှာ ဆူပုတ်လေးရဲ့ပါးလေးကို နှာခေါင်းနစ်မြုပ်သည့်အထိ ငုံနမ်းလိုက်တယ်။

«ကိုကိုလည်း ရေသွားချိုး။ရေမချိုးရင် ကျွန်တော့်ကုတင်ပေါ် မတတ်ရဘူး»

တစ်ချက်လွှတ်အမိန့်နှင့် ရေချိုးခန်းထဲ ရောက်လာလေတော့ သူမှာ အပြေးအလွှားရေချိုးရသည်။တီတီတာတာလေးက အဝါရောင်ညအိပ်ဝတ်စုံလေးနှင့်ကိုက်စားချင်စရာလေးမို့ ရင်ခွင်ထဲထည့်ပြီး အနမ်းတွေခြွေချင်နေပြီ။

«ကိုကို ဒီမှာ ဝတ်စုံ .. ! Ommo မြန်လိုက်တာ»

ကိုကိုအတွက် အင်္ကျီနှင့်ဘောင်းဘီလေးကိုင်ပြီး အခန်းရှေ့မှာ ချပေးရန်ပြင်နေစဉ်မှာ ရေချိုးခန်းတံခါးပွင့်လာတာမို့  လန့်တောင် လန့်သွားသည်။ရေချိုးတာလည်း(၅)မိနစ်တောင် မကြာဘူး။

«ကိုကို ဆပ်ပြာရော တိုက်ခဲ့ရဲ့လား»

«မယုံရင် နမ်းကြည့်လေ»

အပေါ်ပိုင်းဗလာနှင့် ရေစက်လက်ဖြစ်နေသောကိုကိုက ကျွန်တော့်အနား တိုးကပ်လာသည့်မို့ အယောင်ယာင်အမှားအမှားနှင့် နောက်ဆုတ်မိတယ်။ကိုကိုက အရမ်းဆွဲဆောင်မှုရှိလွန်းလို့ မူးမေ့လဲချင်လာပြီ။

«ကိုကို ~ ဘာလို့ အရမ်းဆွဲဆောင်မှု
ရှိနေရတာလဲ»

« HaeChanniee ကောင်လေးမို့လေ»

ပြောရင်း လက်ထဲမှာ အဝတ်အစားတွေယူသွားလေရဲ့။ကျွန်တော်ကသာ တောင့်တောင့်ကြီးရပ်ကျန်နေခဲ့တာ ကိုကိုကတော့ အဝတ်အစားဝတ်ပြီး ရေချိုးခန်းထဲက ထွက်လာနေပြီ။

ကြည့်ပါဦး။ကျွန်တော့်ကိုကိုက ရင်ခုန်ချင်စရာစကားတွေလည်း ပြောတတ်တယ်။

LOVE NEVER DIES Where stories live. Discover now