LOVE NEVER DIES

533 52 17
                                    

UNI....

UNCUT ( EXTRA )✨🌻

« Hyung ကျွန်တော်ကို ကြည့်ပေးဦး။အဆင်ပြေရဲ့လား »

HaeChanက သူ့တစ်ကိုယ်လုံးကို လှည့်ပတ်ပြီး ပြလိုက်တယ်။ထိုအခါ TaeYong မျက်နှာဟာ စိတ်မရှည်မှုတွေ အတိုင်းတာပေါ်လာသည်။

« Lee HaeChan ငါ အဆင်ပြေပါတယ်လို့
မင်းကို ဘယ်နှခါပြောရမလဲ »

«ကျွန်တော်က ပိုသေချာအောင် မေးတာပါ »

«ဒါ မင်းရဲ့ကြိုဆိုပွဲ။ကြင်ယာဖက် သွားတွေ့မှ မဟုတ်ဘူး »

«ဒါပေမယ့် ကျွန်တော့်ကြင်ယာဖက် ရှိနေမှာလေ»

«မင်း ! ငါ ထု လိုက်ရ »

ရိုက်ရန်ပြင်လိုက်တော့ ဇာတ်လေးပုပြီး ရှောင်သွားတာများ အမြင်ကပ်စရာလေးပင်။

« Hyung ကျွန်တော် အရမ်း ရင်တွေခုန်နေတယ်»

ကိုကိုနှင့် နီးနီးကပ်ကပ်နေရမည့်ပွဲလေးမို့ ရင်ခုန်သံတွေက တဒိတ်ဒိတ်နှင့် တွေးပြီး ပျော်လာသည်။

«ကိုကို ကျွန်တော်ကို ချစ်သေးလောက်ပါတယ်နော်»

«သေချာတာကတော့ မင်းကို စိတ်ဆိုးနေမှာ»

ကျွန်တော်ကို တွေ့လိုက်တဲ့အချိန်မှာ အံ့ဩပြီး စကားတွေ ထစ်ငေါက်သွားတဲ့ကိုကိုဟာ အသည်းယားဖို့ကောင်းလွန်းလို့ ခိုးရယ်မိတော့ စိတ်ဆိုးသွားပုံရသည်။မနက်က ကိစ္စက ကိုကို့အမှားဆိုပေမယ့် မျက်နှာငယ်လေးနှင့်ကိုကိုအား စနောက်မိသည့်က ကျွန်တော့်အလွန်ပေါ့။

«ကျွန်တော်က ပြန်ချော့မှာပေါ့ဗျာ။ဒီည ကျွန်တော့်လက်ထဲက ကိုကို မလွှတ်စေရဘူး »

ကိုကို,ကို မသိသည့်ပုံစံဖမ်း၍ မျက်နှာသေနေခဲ့သမျှ ဒီညတော့ ကိုကိုနဲ့ကျွန်တော်ရဲ့အချစ်ညလေး ဖြစ်လာမှာပါ။

စိတ်မဆိုးနဲ့ ကိုကို။ကျွန်တော်က ကိုကို ဘယ်လိုနေမလဲ သိချင်လို့ မသိချင်ယောင်ဆောင်ခဲ့တာပါ။

ကြိုဆိုပွဲပြီးရင် စိတ်မဆိုးနေတဲ့ကိုကို့,ကို ပါးလေးနမ်းပြီး ချော့ရမည်။ကျွန်တော်က ချစ်လွန်းလို့ စတာပါလို့။ တစ်ရက်လေးမှ မမေ့ခဲ့ပါဘူးလို့ ပြောပြီး ပါးလေးတွေကို တစ်ဖက်ပြီး တစ်ဖက်နမ်းပစ်ရမယ်။

LOVE NEVER DIES Where stories live. Discover now