part 2

2.6K 128 0
                                    

ထိုအမျိုးသမီးနဲ့ တွေ့ပီးကတည်းက မေမီ့ရဲ့အိပ်ချိန်တွေဟာ ပုံမှန်ထက်တောက်ကျလာသလို
စိုင်းအိမ်ဖက်ကိုလဲသွားဖို့ရာ မဝံ့မရဲဖြစ်လာရတော့တယ်

တစ်ဖက်တွင်လည်းသက်လျာမှ
"ဟိုကလေးမလေးကလဲ လူလေးကချစ်ဖို့ကောင်းသလောက် အချေလေး ရိုက်ပစ်ချင်စရာ"
ဟုတွေးရင်းအသည်းယားနေရတော့သည်

နောက်‌ေန့ကျောင်းတွင်
စိုင်းမှ
"မေမီ နင်အိပ်ရေးကောဝရဲ့လား"

"ဝပါတယ်ဟ"

"ဟုတ်လို့လားမေရယ် မြတ်တော့မထင်ပါဘူး
မေမီရည်းစားတွေညာတွေရနေပီလား"

ဟုမေးပီး မျက်နာသူငယ်နှင့် မေ့အားကြည့်နေကြတယ်

"မရှိရပါဘူးမြတ်ရယ် တစ်ချိန်လုံးနင်တို့နဲ့ပဲရှိနေတာကို"

"အေ့ပါ မရှိရင်လဲပီးရော"

စိုင်းမှ
"ရှိလာရင်လဲပြောဦးနော် မေမီ"

"အေ့ပါဟ ငါ့မှာပြောပြစရာနင်တို့ပဲရှိတာကို"

ဒီလိုနဲ့ Major Welcomeနီးလာတော့
အတန်းကမိန်က‌ေလးများက
စိုင်းကိုkingအားမှန်းထားသလို
မြတ်ကိုလဲ Queenမှန်းထားကြသည်

ဒီကြားထဲမြတ်ကိုပေးခိုင်းတဲ့ ရည်းစားစာကလဲ
မနည်းမနောပင်

မေမီ့ကိုတော့ ယောက်ျားလေးများထက်မိန်းကလေးများကပိုပီး ချည်းကပ်တာများတယ်

အတန်းထဲတွင် စာသင်နေသော်လဲ မေမီစိတ်မပါပါ
မေ ထိုအမျိုးသမီးနှင့်မတွေ့ရတာ ရက်အတော်ကြာပီ
အလွမ်းလားတော့ မေမီမသ်ိ‌ေပမယ့်
ထိုအမျိုးသမီးရဲ့အသံ အပြုံးကလေးကိုကြားချင်
မြင်ချင်လှပီ

ထိုစဉ် မြတ်မှ
"မေမီ မနက်ဖြန် ကျောင်းပိတ်တယ်လေ"

"အွန့်လေမြတ်ရဲ့"
အဲ့‌ေတာဘာဖြစ်လို့လဲဟူသော အကြည့်ဖြင့်
မျက်ခုံးတစ်ဖက်ပင့်ပြလိုက်ပီး

"အဲ့တာ အန်တီသက်ကလာလည်ဦးတဲ့ ဖုန်းဆက်ထားတယ် နင့်ကိုပါခေါ်ခဲ့တဲ့"

"ဟင် အန်တီသက်ဟုတ်လား"

"ဟုတ်တယ်လေ မေမီရဲ့
စိုင်းရဲ့တီလေးလေ"

မောင့်အိမ်သူသက်လျာ(Completed)Where stories live. Discover now