Final

4K 108 6
                                    

အချစ်တွေထပ်တူကြတဲ့အခါ ဘဝကြီးကသိပ်ပျော်စရာကောင်းတယ် ဆိုတာတကယ်မှန်တယ်
အသက်ဘေးကမာနေရတာ ပျော်တယ်
အသက်မျက်နာလေးနေ့တိုင်းငေးနေရတာကိုလဲသဘောကျတယ် မေမီသိပ်ချစ်ရတဲ့အသက်ရဲ့အပြုံးလေးတွေကို အမြဲတမ်းမြင်နေချင်တယ်
အသက် ဘေးမာနေရရင်ကိုအရာရာပြည့်စုံနေပါပီ

မေမီဆေးရာံဆင်းတာတလကျော်လောက်မှာ
မေမီလမ်းကောင်းကောင်းပြန်လျှောက်လာနိုင်သည်

"အသက် မောင်တို့လက်ထပ်ရအောင်လေ"

"အိုမောင်ရယ်ဘာများလဲလို့ အသက်တို့ကလက်ထပ်ပီးပီလေ"
လက်စွပ်လေးကိုပြရင်းပြောလာသည်

"မဟုတ်ဘူးလေအသက်ရဲ့ မောင်ပြောတာက"

"အိုရှုက်ရှုပ်ရှက်ရှက်တွေအသက်မကြိုက်ပါဘူးကွယ် နားအေးပါးအေးပဲနေချင်တယ်"

"ကြည့်အသက်ကလေအ့လိုပဲ "

မေမီတကယ်စိတ်ဆိုးသည် မေမီကမဂ်လာပွဲလေးလုပ်ချင်တာကို အသက်ကရှုပ်သည်တဲ့လေ
အသက်ကိုမျက်နာမငယ်ရအောင်မေမီလူသိရှင်ကြားလက်ထပ်ယူချင်သည်
မေမီလဲစိတ်ဆိုးတာကြောင့်
အသက်ကိုကျော‌‌ေပးပီးအိပ်ဖို့ပြင်လိုက်သည်
ဒါကိုအသက်ကလာမချော့ပဲ Laptop တစ်လုံးနှင့်သာအလုပ်ရှုပ်နေသည်

မနက်မိုးလင်းတာနဲ့ မေမီအဝတ်အနည်းငယ်ယူကာ ဖွားအိမ်သို့ပြန်လာလိုက်သည်
ပြောရမယ်ဆိုရင်တော့ အသက်ကိုစိတ်ဆိုးလို့အိမ်ပေါ်ကဆင်းလာတာပေါ့
ဖွားအိမ်ရောက်ရောက်ချင်း ဖြစ်ကြောင်းကုန်စင်ပြောပြတော့ ဖွားကရယ်ရင်း

"အော် မြေးလေးရယ် သမီးလေးကမြေးလေကိုဒီလောက်ချစ်တဲ့ဟာ သူတကယ်ကိုမလုပ်ချင်လို့နေပါလိမ့်မယ် နားလည်ပေးလိုက်ပါကွယ်"

"ကြည့် ဖွားကလဲအသက်ဖက်ကပဲပေါ့ရတယ်
ဖွားနားလဲမနေဘူး သွားမယ် သွားမယ် "

နေရာမချရသေးတဲ့အဝတ်ထုပ်ကိုယူကာ
ဆောင့်အောင့်ပီးထွက်လာလိုက်သည်
အားကိုးဖို့သွားပါတယ် တစ်ဖွဲ့ထဲသမားတွေဖြစ်နေတယ်

မြတ်ကတော့အန်တီ့ဆိုင်မာပဲအလုပ်လုပ်သည်
အန်တီကအိမ်မာပဲနေရင်း ဒီဇိုင်းဆွဲသည်
စိုင်းကတော့စက်ရုံကိစ္စကိုဦးစီးသည်
မြတ်ကတော့ဆိုင်ထိုင်သည်
သွန်းကတော့ သူ့အဖေအလုပ်တွေဦးစီးနိုင်ဖို့ နိုင်ငံခြားမာကျောင်းသွားတက်သည်
အွန် တွေးကြည့်တော့မေမီအလုပ်မရှိအကိုင်မရှိဖြစ်နေတာ ကျောင်းလဲဆက်မတက်ဖြစ်သေး
အသက်အားကိုးရတဲ့လူတစ်ယောက်ဖြစ်ဖို့မေမီကြိုးစားရဦးမာပဲ

မောင့်အိမ်သူသက်လျာ(Completed)Место, где живут истории. Откройте их для себя