Part 15

2.8K 95 2
                                    


သက်တို့လက်ထပ်ပီးနောက်နေ့တွင်

"နန်းပင်ပန်းနေပီ အိမ်ပြန်ပီးနားလိုက်ပါဦးလား
ကို ‌မေမီလေးကိုစောင့်ပေးပါ့မယ် မေမေလဲခနနေ
လိုက်လာမယ်ပြောတယ်"

"ရပါတယ် မောင်နိုးလာရင်ကျွန်မရှိနေမှဖြစ်မာမလို့ပါ"

"ကိုတကယ်တောင်းပန်ပါတယ်နော်နန်း
အရာအားလုံးကကို့ကြောင့်ဖြစ်တာမလို့
မေမီလေးနိုးလာရင်တောင် ကိုမျက်နာမပြရဲဘူး"

"မောင်ကရှင့်ကိုသိပ်ချစ်တာပါ သူခွင့်လွှတ်မာပါ"

"နန်းကကော"

"မောင်သာနိုးလာခဲ့ရင် ကျွန်မအားလုံးခွင့်လွှတ်နိုင်တယ် မတော်လို့များမောင်တစ်ခုခုဖြစ်သွားရင် ဘယ်သူ့ကိုမှကျွန်မခွင့်မလွှတ်ဘူး ကျွန်မကိုကျွန်မကော"

ပြောရင်းသက်ငို‌ေနမိသည် မောင်သာတစခခုခုဖြစ်သွားရင် သက်ရှင်သန်နိုင်မာမဟုတ်ဘူး
မောင်မရှိတဲ့ဘဝဆိုတာကြီးကို တွေးကြည့်ရုံနဲ့တင်သက်ကြောက်တယ်

စကားဝိုင်းကပြန်တိတ်သွားပီး

ကိုနိုင်မျိုး မောင့်နားကပ်ကာ

"ဦးငယ်အမှားတွေတွက် တောင်းပန်ခွင့်လေးတော့ပေးမယ်မလား သမီးလေးကိုဦးငယ်တကယ်လွမ်းလှပီကွယ်"

တအောင့်နေတော့မောင့်ဖွားဖွားနဲ့အန်တီမြင့်တို့ရောက်လာသည်

"သမီးလေး ဘာစားပီးပီလဲ "

အန်တီမြင့်ကမေးတော့

"ခနနေစားမာပါ အန်တီမြင့်"

မောင့်ဖွားက

"မြေးလေးနိုးလာရင် သမီးလေးကိုကြည့်ပီးစိတ်မကောင်းဖြစ်နေမာပေါ့ သမီးလေးကအားရှိနေမှရမာပေါ့ ပီးတော့ခုဆို မြေးလေးကသမီးလေးရဲ့အိမ်သူဖြစ်နေပီလေ "

"နန်းတစ်ခုခုစားလိုက်ပါဦး နန်းအရမ်းပိန်သွားတယ် မေမီ‌ေလးတွေ့ရင်စိတ်မကောင်းဖြစ်နေလိမ့်မယ်"

မောင့်ဘေးကနေသက် ထသွားဖို့လုပ်တော့
သက်ရဲ့လက်ကိုတစ်ယောက်ယောက်ဆွဲထားလို့
သက်ပြန်ကြည့်လိုက်တော့ ဆေးပိုက်လေးသွယ်ထားတဲ့ မောင့်ရဲ့လက်ကလေးပင်
သက် ဝမ်းသာအားရနဲ့

မောင့်အိမ်သူသက်လျာ(Completed)Hikayelerin yaşadığı yer. Şimdi keşfedin