Part 12

2.2K 90 0
                                    

"တောက်"

အခန်းထဲတွင် မေမီတောက်ခေါက်သံဟာဟိန်းထွက်လာသည်

မေမီအယုံကြည်ရဆုံးသူဟာ မိန်းကလေးတစ်ယောက်အပေါ်  ဒီလောက်တောင်လုပ်ရက်တဲ့သူလား မိန်းကလေးတစ်ယောက်ဘဝကိုအလွယ်တကူဖျက်ဆီးပစ်ပီး အတင်းသိမ်းပိုက်တတ်တဲ့သူတဲ့လား ဦးငယ်ဟာအရာရာပြည့်စုံသူ
သဘောထားကြီးသူဘိုမေမီတစ်သက်လုံးထင်လာခဲ့တာ မေမီထင်ထားတာတွေမှားနေခဲ့တယ်‌

"မောင်တို့မနက်ဖြန်ပြန်မယ် အသက်"

"ဟွန့်အွန်းမောင် တို့မပြန်ရဲဘူး တို့ကြောက်တယ်
မောင့်ဖွားဖွားသာဒါတွေအမှန်တိုင်းသိသွားရင်
မောင်နဲ့တို့ကိုသဘောတူပါ့မလား မောင့်ဦးလေးကကောဒီတိုင်းငြိမ်နေမာလား ပီးတော့ တို့အကိုလဲအားလုံးကိုအမှန်တိုင်းသိသွားရင် တို့ကိုမင်းလက်ထဲထည့်မယ်ထင်နေလားမောင် တို့မောင်နဲ့ခွဲရမာကြောက်တယ် မောင်မရှိလို့မဖြစ်ဘူးမောင်မရှိပဲတို့ဘယ်လိုရှင်သန်ရမာလဲ ဘယ်သူမှမရှိတဲ့နေရာမာပဲ မောင်နဲ့အတူတူနေချင်တယ်"

ငိုရင်းပြောနေတဲ့အသက်ကိုကြည့်ကာရင်နာရသည် ‌

"မောင့်ကိုယုံပါနော်အသက် မောင်ကလေအသက်ကိုဘယ်သူ့ကိုမှမပေးနိုင်ဘူးသိရဲ့လား မပေးနိုင်လို့လဲ မောင်ခိုးလာတာလေ အသက်တစ်ယောက်ထဲကိုပဲကြည့်ပီး မောင်အရာရာရင်ဆိုင်မာပါ
မောင်လဲအသက်နဲ့ခွဲပီးမနေနိုင်ဘူးနော်"

အသက်ကခေါင်းလေးငြိမ့်ရင်းပြန်ဖြေသည်
မေမီ့စိတ်ထဲတွင်
"မောင်တောင်းပန်ပါတယ်အသက်ရယ် မောင့်ဦးလေးရဲ့အပြစ်ကျွေးတွက်ကော မောင်တောင်းပန်ပါတယ် အရာအားလုံးတွက်‌ေ‌မာင်တောင်းပန်ပါတယ် နောက်ထပ်အသက်ကိုစိတ်မညစ်စေရဘူးလို့မောင်ကတိပေးပါတယ်"

ရင်ခွင်ထဲကအသက်ကတော့ခုထိငိုနေတုန်းပင်

"မငိုနဲ့နော်အသက်  မောင်တို့ကိုဘယ်သူမှခွဲလို့မရစေရဘူးနော် မောင်ကအသက်ကိုကာကွယ်မာပါ
ခုတော့အိပ်တော့နော် မနက်မိုးလင်းရင်မောင်တို့ပြန်ကြမယ်လေနော်"

အသက်နဖူးလေးအားခပ်ဖွာဖွာနမ်းရင်းပြောလိုက်တော့

"အွန့်ပါ တို့မောင့်ကိုယုံတယ်နော်
မောင်လဲအိပ်တော့နော်"

မောင့်အိမ်သူသက်လျာ(Completed)Where stories live. Discover now