🛑🛑part 6🛑🛑

3.3K 106 0
                                    

မနက် 7:30တွင်
အန်တီမြင့်မှ မေမီအခန်းထဲဝင်လာပီး

"သမီးလေးရေထတော့လေကွယ် ဖွားဖွားကနှိုးခိုင်းနေပီကွယ့်"

မေမီ တစ်ညလုံးတစ်ရေးမှမအိပ်ပဲ မိုးလင်းမှသာခနမှေးရသောကြောင့် ခေါင်းများနောက်ပီး
လူလဲအားမရှိပေ မေမီလဲထဖို့အားမရှိတာကြောင့် အန်တီမြင့ခါးကိုအတင်းဖက်ကာ

"အန်တီမြင့် မေမီလေခေါင်းတွေ တအားကိုက်တာပဲ"

မေမီမျက်လုံးမဖွင့်ပဲပြောလိုက်တော့
အန်တီမြင့်မှ
"ညကအိပ်ယာဝင်တာနောက်ကျလို့ထင်တယ်
ဟုတ်လား သမီးလေး"

"အန်တီမြင့်ကဘယ်လိုသိတာလဲ"
မေမီပြောရင်း ထထိုင်လိုက်သည်

"သိတာပေါ့ သမီးလေးရဲ့ ညကအန်တီမြင့်တစ်နိုးလို့ရေထသောက်တုန်းက သမီးလေးအပေါ်တက်သွားတာတွေ့တယ်လေ"

"ဟုတ် သမီးကိုလူတစ်ယောက်ကရှောင်နေလို့"
မျက်နာသူငယ်လေးနဲ့ပြောလိုက်တော့

"အွန် သမီးလေးကဘာတွေစိန်ဆိုးအောင်လုပ်မိလို့တုန်း နားလည်မှုလွဲနေရင်လဲသေချာပြန်တောင်းပန်လာခဲ့နော် အန်တီမြင့်သမီးလေးက
ဒီလောက်ချစ်ဖို့ကောင်းတာ ကြာကြာ စိတ်ဆိုးမာမဟုတ်ပါဘူး"

"ဟုတ်"
မေမီအတွေးပေါက်သွားသည် အပျိုကြီးကိုချော့ရမယ် ဘာကြောင့်ပဲဖြစ်ဖြစ် ချော့ရမယ်

မေမီတစ်မနက်ခင်းလုံးဖွားနောက်တကောက်ကောက်လိုက်ရသည် ဘုရားသွားတရားထိုင် ပုတီးစိပ် ပီးတော့ဈေးဝယ် ဖွားကလေ အသက်သာကြီးလာတယ် စိတ်တွေကတော့လန်းဆန်းနေတုန်းပဲခုထိ မေအီ့လက်ထဲတွင်လဲဖွားဝယ်ထားတာတော့မဲပေ ကားနားရောက်မှ ဦးလေးဦးအောင်ကြီးက ကူဆွဲပေးသည်

နေ့လည်ခင်းမှသာအိမ်ပြန်ရောက်သည်
နာရီကြည့်လိုက်တော့ 2နာရီပင်ထိုးခါနီးနေပီ

စိုင်းနဲ့မြတ်ကိုဖုန်းခေါ်ကည
အန်တီ့တွက်မွေးနေ့လက်ဆောင်ဝယ်ရန်
လူစုကြပီး ဈေးထပ်ပတ်ရပြန်တယ်
တကယ်ဒီနေ့တစ်နေကုန်မနားသေးပါ
ညနေ6နာရီမှသာအိမ်ပြန်ရောက်ပီးတန်းအိပ်ပျော်သွားတော့တယ်

မနက်လင်းတော့

ဒီနေ့မေမီ့တွက်အရေးကြီးတဲ့လေးဖြစ်တာကြောင့်မနက်အစောထဘုရားရှိခိုး ဆွမ်းလောင်း
ချစ်ရသူလေးမွေးနေ့မို့မနက်အစောကြီးအလုပ်ရှုပ်နေသည်

မောင့်အိမ်သူသက်လျာ(Completed)Donde viven las historias. Descúbrelo ahora