part 3

2.3K 111 0
                                    

Welcomeတွက်အဝတ်စားဝယ်ရန် မေမီတို့သူငယ်ချင်းသုံးယောက် အတန်းလစ်ပီး Oceanလာကြတယ်

ထုံးစံအတိုင်း သုံးယောက်သား ငြင်းလိုက်ခုံလိုက်နဲ့ ဝယ်စရာရှိတာများဝယ်ပီး ဗိုက်ဆာလာ၍
ကြေးအိုးစားရန် အပေါ်ထပ်သို့တက်လာတယ်
ဆိုင်ထဲရောက်တော့ စိုင်းကပဲမေတို့အကြိုက်ကိုမှာပေးကာ ဝယ်လာတာများကိုပြန်ကြည့်ရင်း
မြတ်က
" စိုင်း နင်ECကိုချိန်နေတာလား"ဟုထမေးတော့

"အင် ဆိုပါတော့" စိုင်းကဖြေပီးရှက်နေလေရဲ့

မေက
" အမလေး နဲနဲလောက်မူပါဦးလားစိုင်းရယ်
ဟားးးဟားးးဟားး"ဟုမေမီမှစတော့
စိုင်းကမမူနိုင်ပါဘူးဟူသော အကြည့်ဖြင့်ကြည့်ရင်း

"မေမီ နင်ကြည့်ရတာလဲ ငါ့တီလေးနဲ့တွေ့ရင်
ရေခဲတုံးလိုလိုဘာလိုလိုနဲ့နော် မပြောချင်ဘူး
ဟွန့်"

"မဟုတ်ပါဘူးဟာ စိတ်ထင်လို့ပါဟ
ငါကဒီတိုင်းပဲသိလား"

မြတ်မှ
" ထင်တာမဟုတ်ဘူး မေမီ ငါတို့ကမြင်နေတာ
မဟုတ်မှလွဲရော နင်"

ဟုပြောရင်းစိုင်းကပါ

"ဟဲ့ ငါ့တီလေးကိုကိုနင်"

မေမီလဲမလိမ်ချင်တော့ပါ
" ငါလဲထင်တာပဲ စိုင်းရဲ့တီလေးကိုငါ"

စိုင်းမှ
"အမလေးတော်သေးတာပေါ့"

မြတ်က
" ဘာလဲဟ စိုင်းရအလန့်တကြား
နင်ကလဲနော်"

" မဟုတ်ပါဘူးဟာ ငါကတီ‌ေလးကိုသူများကိုပေးရမှာကပ်စေးကုပ်နေတာ ဟီးး
ငါ့သူငယ်ချင်း‌ေလးဆိုတော့ တော်သေးတာပေါ့ဟ"

" အ့တာလဲ ဟုတ်တယ်နော်စိုင်း"
ဟုဆိုတာမြတ်ကပါ ထောက်ခံနေတော့တယ်

"ငါလေ နင့်တီလေးကိုတကယ်ချစ်တာ"

"ဟဲ့ မေမီ နင့်အချစ်ကအပျိုကြီး စာရင်းဝင်တော့မယ်နော် မြန်မြန်ရအောင်လိုက်"
ဟုမြတ်ကပြောတော့

" အဲ့အတွက်တော့မပူနဲ့ ငါ့မာအကွက်တွေရှိတယ်
နင်သာ ငါ့တီလေးရှေ့ရောက်ရင် အပေါက်ကြီးပိတ်ပီး ငုတ်တုပ်မေ့မနေနဲ့ ကြားလားမေမီ"

"ငါလဲမမေ့ချင်ပါဘူး ဒါမယ့်"

မြတ်မှ
" ဒါမယ့်တွေလုပ်မနေနဲ့ လုပ်စရာရှိတာလုပ်
လက်နှေးရင် ခွက်ဆေးနေရမယ် ကြားလား"

မောင့်အိမ်သူသက်လျာ(Completed)Where stories live. Discover now