ဖြူစင်သောအချစ် Part_1 (Uni/Zaw)

322 3 0
                                    

Part_1 ( Unicode )

မိုးသည်းထန်စွာ ရွာနေတဲ့ ညလေးတစ်ညမှာ ဆင်ခြေဖုံးရပ်ကွပ်လေးတစ်ခုရဲ့ ပျဥ်ထောင်အိမ်လေးတစ်ခုက မိုးသံနှင့်အပြိုင်ဆူညံလျက်ရှိသည်။

" အမေရေ....နာတယ် ဟင့်"
" မွေးတော့မှာသမီး...အားတင်းပြီး ညှစ်ထား"
ခဏ အကြာ
"အူဝဲ...အူဝဲ" ဆိုတဲ့ ကလေးငယ်လေးတယောက်ရဲ့ ငိုသံမှာထွက်ပေါ်လာသည်။

ဖြူစင်တဲ့အသားအရေ နူးညံ့တဲ့ နှုတ်ခမ်းနဲ့ ဖြောင့်စင်းနေတဲ့ မျက်ခုံးတို့ကြောင့် ကလေးငယ်မှာ အရွယ်ရောက်လျှင် သိပ်ချောမှာဟု အဖွားဖြစ်သူက မှတ်ချက်ချလိုက်သည်။သို့သော်....မကြာမီ အပြင်က " ဒေါ်စောရေ..ဒေါ်စော" ဟူသောခေါ်သံကို ကြားလိုက်ရသည်။

ဒေါ်စောလည်းအိမ်အောက်သို့ ပြေးဆင်းသွားပြီး အိမ်ရှေ့မှ အလန့်တကြားအော်ခေါ်နေသော လူငယ်လေးအား " ဘာကိစ္စရှိလို့လဲ"ဟုမေးရာ လူငယ်လေးက "ဒေါ်စောသား ကိုကြီးအောင်မြင့် ကားမတော်တဆဖြစ်လို့ ဆုံးပြီ "တဲ့ဟူသော သတင်းက ဒေါ်စောအား သွေးနထင်စောင့်တက်ရလောက်အောင်ဖြစ်သွားသည်။မကြာမီပင် အထဲမှ လက်သည် မလှ၏ အလန့်တကြား အော်သံကိုလည်း ထပ်မံကြားရ၍ အိမ်အပေါ်သို့ ပြန်တက်ခဲ့ရာ လက်သည်ဒေါ်လှက "ဒေါ်စော...မိငယ်အသက်မရှိတော့ဘူးထင်တယ်။"ဟူသော စကားအဆုံး၌ ဒေါ်စောမှာ ကလေးငယ်လေးအားကောက်ချီ၍ "အကျိုးမပေးလိုက်တဲ့ကလေး...မင်းကြောင့် ငါ့သား နဲ့ ငါ့ချွေးမလေး အဖြစ်ဆိုးရပြီ "ဟု အံကိုကြိတ်၍ တတွတ်"ပြောနေလေသည်။

၁၀ နှစ်ခန့်ကြာသော်.....

" အဖွားရေ...သား အကြော်စုံဝယ်လာတယ် အဖွား ထမင်းမစားဖြစ်ရင် စားရအောင်လေ"

"နောင်ရိုးငယ် မင်းပိုက်ဆံတွေ သိပ်ပေါနေသလား ငါဘာပြောထားလဲ အဲ့လို ပိုက်ဆံကို ဖြုန်းတီးမနေနဲ့လို့ ပြောပါဦး ဒီနေ့ စံပယ်ပန်းတွေ ကုန်ခဲ့ရဲ့လား"

" မကုန်ဘဲ နေမလားဗျ အခုအကြော်တွေဝယ်လာတာကလည်း အဖွားကို စားစေချင်လို့ပါ အဖွားကအမြဲတမ်းအဲ့လိုချည်းပဲ ကိုယ့်ဝမ်းလဲ ကိုယ်သဒ္ဓါပါဦး"

" ဒီကလေးကို ငါ့ကိုခွန့်တုန်​့ပြန်နေတာလား ငါ့ဝမ်းငါမသဒ္ဓါလည်း ဘာမှမဖြစ်ဘူးငါက သေတော့မှာ နောက်တစ်ယောက်တည်း လောကကြီးမှာ ဘယ်လိုဖြတ်သန်းမလဲ အားကိုးရာမရှိနဲ့။ ဒီမှာ ငါ့မြေး မင်းပိုက်ဆံကိုရရင် ရသလိုစု အဖွားအတွက် မဖြုန်းတီးနဲ့"

ဖြူစင်သော အချစ်Where stories live. Discover now