ဖြူစင်သော အချစ် Part_5 ( Uni/Zaw )

114 2 0
                                    

Part_5 (Unicode)

အောင်ခန့်တစ်ယောက် ဆေးရုံမှာ ရှင်းစရာရှင်းပြီတာနဲ့ နောင်ရိုးငယ်အား အိမ်သို့ ခေါ်လာသည်။အလွန်ကျယ်ဝန်းတဲ့ခြံကြီးထဲမှ မြင်ကွင်းများကို နောင်ရိုးငယ် တစ်ယောက်မျက်တောင်မခတ် ကြည့်နေမိသည်။စိမ်းလန်းတဲ့ အပင်တွေ ၊ အရောင်အသွေးစုံတဲ့ ပန်းပင်တွေနဲ့ နောက်ဆုံး နန်းတော်ကဲ့သို့ လှပပြီး ကြီးမားသည့် ၂ ထပ်အိမ်ကြီး အားတွေ့လိုက်ရသည်။ပါးစပ်အဟောင်းသား ငမ်းနေတုန်း

" ချာတိတ် ဘာလုပ်နေတာလဲ ဆင်းခဲ့တော့ "

" အော် ဟုတ်ကဲ့ " ဟူ၍သာအဖြေပေးမိပြီး ကားပေါ်မှ ဆင်းလာသည်။ထို့နောက် ဖိနပ်ချွတ်စင်၌ ဖိနပ်ချွတ်ရန် သူ့ခြေထောက်အောက်မှ ဖိနပ်လေးအားကြည့်ပြီး သိမ်ငယ်နေမိသည်။

"ချာတိတ် ဘာတွေငေးနေတာတုန်းကွ လာ အိမ်က အလုပ်သမားတွေ နဲ့ မိတ်ဆက်ပေးမယ်"

"ဟုတ်....ဟုတ်"

"ဒါက အိမ်တော်ထိန်ကြီး ကြီး"မြတဲ့ ဟိုဘက်က ကောင်မလေး၂ယောက်က လှလှ နဲ့ သူဇာ ဒါကောင်က ဖိုးထွေး ဒီ ဦးလေး ဘကြီးအေး တဲ့ သေချာမှတ်ထားနော် ချာတိတ် သိချင်တာရှိရင် သူတို့ကိုမေးလိုရတယ် ကြားလား"

"ဟုတ်ကဲ့" ထို့နောက် ကောင်မလေးတစ်ယောက်မှ

"လာမောင်လေး အမနမည်က လှလှတဲ့ အမ အခု မောင်လေးအခန်း လိုက်ပြမယ် လိုအပ်တာတွေ ရှိရင် အမကိုပြောနော် "

"ဟုတ် ကျွန်တော့်ကို အဲ့လောက် အရေးတယူဆက်ဆံစရာမလိုပါဘူးဗျ ကျွန်တော်ကလည်း ဒီအိမ်မှာ အလုပ်လာလုပ်တဲ့ အစေခံ တစ်ယောက်ပါပဲဗျ"

"ဘာပဲဖြစ်" အမတို့တွေက အလုပ်သမားတွေဆိုပေမဲ့ စည်း"လုံး"နဲ့ မိသားစုလို နေရမှာပေါ့"

"ဟုတ်ကဲ့" ထို့နောက် အခန်းတစ်ခုရှေ့ရောက်သော်

"ဒါက မောင်လေးအခန်း မောင်လေးက ဒီအိမ်ကြီးထဲမှာ နေရတဲ့ ဒုတိယမြောက် အလုပ်သမားပဲ မောင်လေး မျက်စောင်းထိုး အခန်းက ကြီး"မြ အခန်း ကျန်တဲ့ အခန်းတွေက အလွတ် အပေါ်ထပ်မှာ အကိုလေးနေတယ် ကြီး"မြ တစ်ယောက်ကလွဲပြီး တက်ခွင့်မရှိဘူး မောင်လေး လုပ်ရမဲ့ အလုပ်တွေကိုတော့ ကြီး"မြ သင်ပေးလိုက်မယ် အခန်းထဲမှာ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီးရင် ထမင်းစားခန်းထဲ လာခဲ့"

ဖြူစင်သော အချစ်Where stories live. Discover now