ဖြူစင်သော အချစ် Part_3 ( Uni/Zaw )

149 2 0
                                    

Part_3 ( Unicode )

ဒီနေ့က စနေနေ့ဖြစ်၍ နောင်ရိုးငယ်တစ်ယောက် ဦးတရုတ်ကြီး ဆိုင်သို့သွားရင် စော"ထ၍ ရေမိုးမျိုးနေသည်။ခဏအကြာ အိမ်အပေါ်သိုလူတစ်ယောက်တက်လာသည်ကို တွေ့ရသည်။ လုပ်လက်စကိုအမြန်အပြီးသတ်ပြီး အိမ်ပေါ်သို့ပြန်တင်ခဲ့ရာ၌ ခုံတန်လျားတွင်ထိုင်နေသည့် အဖွား၏ သမီးဖြစ်သူ ဒေါ်မြသက်ခိုင်၏ ယောက်ျားဖြစ်သူအား တွေ့လိုက်ရသည်။ နောင်ရိုးငယ်လည်း ဘာမှမေးမြန်းမနေဘဲ အရှေ့၌မသိချင်ယောင်ဆောင်၍ ဖြတ်ပြီးအခန်းထဲသို့ဝင်လာသည်။ ထိုနောက် ထိုလူ့ထံမှ

"ဟျောင့် နောင်ရိုးငယ် အိမ်မှာစားဖို့ဘာမှမရှိဘူးလား။ ထမင်း ဟင်းလေးဘာလေးမချက်ထားဘူးလား။ ဘာလဲ ညဘက်ကြီး ငွေရှာထွက်နေတာလား" နောင်ရိုးငယ်ဒေါသထွက်ပေမဲ့ ဘာမှ ပြန်ပြောမနေတော့ဘဲ အဝတ်အစားအမြန်လဲ၍ အိမ်အပြင်ထွက်ရန် ပြင်သည်။ထိုအခါ" ဒီငါလိုးမသား ငါမေးနေတာ မသိချင်ယောင်ဆောင်တယ်ဟုတ်လား။ လာခဲ့ " ဆိုပြီး နောင်ရိုးငယ်၏ လက်ကို နောက်ပြန်ဆောင့်ဆွဲ၍ အခန်းထဲသို့ခေါ်လာသည်။

" ဦးသီဟသူ ခင်ဗျား ဘာလုပ်မို့လို့ ကျတော့်ကို အခုလွှတ်"
" အခန်းထဲ ဆွဲခေါ်လာပြီဆိုမှတော့ မင်းကို ဘာလုပ်မလဲဆိုတာ မင်းမသိဘူးလား ဟား...ဟား"
"ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော့်ကို ဘာမှ မလုပ်ပါနဲ့နော် ကျွန်တော့်ကိုလွှတ်ပေးပါ"ဟု နောင်ရိုးငယ်ခဗျာ ငိုယိုပြီးပြောနေရှာသည်။သို့သော် ဦးသီဟသူမှာ မကြားတဲ့ပုံစံဖြင့် ကလေးငယ်၏ အင်္ကျီအား ဆွဲချွတ်ရန် ပြင်သည်။ နောင်ရိုးငယ်လည်း ခန္ဓာအားမမျှ၍ ထွက်ပြေးရန် ဘယ်နည်းနဲ့မျှ မတတ်နိုင်။ ထို့နောက် ဘေးမှ စာကြည့်မီးအိမ်လေးအားတွေ့သွားပြီး ကောက်ကိုင်၍ ထိုလူအား အားကုန်သုံးရိုက်ချပစ်လိုက်သည်။ ထို့နောက် နောက်သို့ လှည့်ကြည့်မနေတော့ဘဲ ရောက်ရာပေါက်ရာသို့ အမြန်ပြေးထွက်လာမိသည်။

နောင်ရိုးငယ်တစ်ယောက် မနက်ကတည်းက ပြေးလာတာ ဖိနပ်တောင်မပါ လက်ထဲတွင် ပိုက်ဆံလည်း မပါ၍ အခုထိ ဘာမှမစားရသေး ရောက်တတ်ရာရာကိုသာ သွားနေမိတော့သည်။ အချိန်က တရွေ့ရွေ့နဲ့ ကုန်ဆုံးလာရာ ညနေ နွားရိုင်းသွင်းချိန်တောင် ရောက်လာပြီဖြစ်သည်။ တဝှီ...ဝှီ ဖြင့် ကားကြီးကားငယ် မျိုးစုံ ရှုပ်ယှက်ခက်နေတဲ့လမ်းမကြီးပေါ်တွင် နောင်ရိုးငယ်တစ်ယောက် ဘယ်ကို သွားလို့သွားရမှန်းမသိဖြစ်နေသည်။ထို့နောက် မီးပွိုင့်မကြည့်ဘဲ လမ်းဖြတ်ကူးရာ စူးရှသော ကားမီးရောင် အောက်၌ နောင်ရိုးငယ်တစ်ယောက် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ၍ ကြောင်အစွာရပ်နေမိသည်။ နောက်ဆုံး၌ "အား..."ဟုသာ အသံလေးထွက်သွားပြီး လောကကြီးနှင့် အဆင်အသွယ်ပြတ်သွားသည်။

ဖြူစင်သော အချစ်Where stories live. Discover now