ဖြူစင်သော အချစ် Part_12 ( Uni/Zaw )

73 3 0
                                    

Part_12 ( Unicode )

နောင်ရိုးငယ် တစ်ယောက် အစောကြီးနိုးလာ၍ ကြီး"မြအား မနက်စာ ကူပြင်ဆင်ပေးရန် အောက်ထပ်သို့ ဆင်းလာသည်။ထို့နောက်

"ကို"ရှိန်ရေ ကို"ရှိန်"ဟု အော်ဟစ်ပြီး အတင်းဝင်လာသူ အားတွေ့လိုက်ရသည်။

"ဒီမှာဗျ အကို အိပ်နေတယ် ဘာလုပ်မလို့ဗျ"

"အော် အိပ်နေတာလား အလုပ်သွားရမှာကို နောက်ကျတော့မှာဘဲ တို့သွားနှိုးမှ"ဟု ဆိုပြီး အတင်း အိမ် အပေါ်ထပ်သို့ တက်သွားသည်။

"ဒီကအမ မဝင်သင့်ဘူးထင်တယ် ယောကျာ်းလေးတစ်ယောက်အခန်းကိုလေ ပြီးတော့ အကိုက သူ့အခန်းထဲ တခြား သူ ဝင်တာကိုမကြိုက်ဘူး"ဟု နောင်ရိုးငယ်က ထိုသို့ပြောပြီး အနောက်မှ လိုက်၍ တားရာ

"ဟဲ့ နင်က ဘာမို့လို့ ငါ့ကို လာတားနေတာလဲ ဖယ်စမ်း ကို"ရှိန်က သူ့ အနာဂတ် ဇနီးလောင်း ကို သူ့အခန်းထဲ အဝင်မခံဘဲနေမလား"

"ဟင် အကို့ ရဲ့ အနာဂတ်ဇနီးလောင်း"ကောင်လေး ခဏတာ အံ့သြမိသွားသည်။

"ဘာပဲဖြစ်"ပါဗျာ အကို့ကို ကျတော် နှိုးလိုက်မယ် အမ အောက်ထပ်မှာ စောင့်နေပါဗျ"နောင်ရိုးငယ် တံခါးလော့အား ဖွင့်ရန် ပြင်ရာ

"ဖယ်စမ်း"ဟု ပြောပြီး ထိုမိန်းကလေးမှ နောင်ရိုးငယ်အား တွန်းဖယ်လိုက်သည်။

နောင်ရိုးငယ် အနောက်သို့ လဲမကျခင် အနောက်က တစ်စုံတစ်ယောက်၏ သိုင်းပွေ့ဖက်လိုက်ခြင်းအား ခံလိုက်ရသည်။ထိုသူသည် ဘုန်းမာန်ရှိန်သာ ဖြစ်သည်။

"အဆင်ပြေရဲ့လား ဘယ်နားထိသွားလဲ" ဟု ဘုန်းမာန်ရှိန်တစ်ယောက် စိုးရိမ်တကြီးဖြင့် နောင်ရိုးငယ်အား မေးနေသည်။

"ရတယ် ကျတော် အဆင်ပြေတယ် အကိုနိုးပြီလား ကျတော်က အကို အခန်းထဲမှာ ရှိတယ်ထင်တာ"

"အော် ကိုယ် စာကြည့်ခန်းထဲမှာ ညက လုပ်ထားတဲ့ စာရင်းတွေ ကျန်ခဲ့လို့ သွားယူတာ ပြီးရင် မနက်စာ စားဖို့ ဆင်းခဲ့တော့မလို့ "

ထို့နောက် ဘုန်းမာန်ရှိန် ဘေးမှ ရပ်ကြည့်နေသူဘက်သို့ လှည့်၍

ဖြူစင်သော အချစ်Tahanan ng mga kuwento. Tumuklas ngayon