ဖြူစင်သော အချစ် Part_4 ( Uni/Zaw )

138 2 0
                                    

Part_4 ( Unicode )

မနက်ခင်းဆေးရုံပြတင်းပေါက်မှ ဝင်လာသော နေရောင်ကြောင့် နောင်ရိုးငယ်တစ်ယောက်နိုးလာသည်။ ခန္ဓာကိုယ်တစ်ခုလုံးလည်း ကိုက်ခဲနေကာ မျက်လုံးအား အားယူ၍ ဖွင့်လိုက်ရပြီးနောက် မျက်စိရှေ့၌ ဆေးရုံနံရံကိုမှီ၍ အိပ်နေသော လူအား မှင်သက်စွာဖြင့် ကြည့်နေမိသည်။ခဏအကြာ ထိုလူနိုးလာပြီး" နိုးလာပြီလား။ ဘယ်လိုနေလဲ သက်သာရဲ့လား။"

"ဟုတ်..ဟုတ် သက်သာပါတယ်ဗျ ဒါနဲ့အကိုက ဘယ်သူလဲဟင် ပြီးတော့ကျွန်တော်ဘာလို့ ဒီဆေးရုံရောက်နေတာလဲဟင်"

"မင်းဆိုသည်မှာလည်း မေးခွန်းတွေဆက်တိုက်မေးနေပါရောလား။နားထောင် ကိုယ့်နာမည်က ဘုန်းမာန်ရှိန် မနေ့က ညနေက ကိုယ့်ကားနဲ့ မင်းကိုတိုက်မိသွားလို့ မင်းကိုဆေးရုံထိခေါ်လာတာ ပြီးတော့ မင်းမိသားစုကို ဆက်သွယ်လို့မရတာနဲ့ ကိုယ်မင်းကိုစောင့်အိပ်ပေးနေတာ"

"ဘာလို့ ကျွန်တော့်ကို သေအောင်မတိုက်တာလဲဟင်"နောင်ရိုးငယ် မျက်ရည်လေးဝဲ၍ ပြောလိုက်မိသည်။

"ကောင်လေး မင်းအကြောင်းကို ကိုယ်သိပြီးပြီ မင်းအသက်မရှင်ချင်တော့ဘူးလား။ မင်းအဖွားကရော မင်းအခုလုပ်လိုက်လို့ ရောက်ရာနေရာကနေ ဝမ်းသာနေမယ်ထင်လား" ကောင်ငယ်လေးဆီမှ အသံမထွက်လာ၍ ဘုန်းမာန်ရှိန် စကားဆက်သည်။

" ဒီလိုလုပ်ကွာ ကိုယ့်ကားနဲ့ တိုက်မိတာဆိုတော့ တာဝန်ယူတဲ့အနေနဲ့ ကိုယ့်အိမ်လိုက်ခဲ့" ကောင်ငယ်လေးမှ အံ့သြသည့်ပုံစံဖြင့် ခေါင်းထောင်၍ ကြည့်လာသဖြင့်

"တစ်မျိုးမထင်ပါနဲ့ကွာ မင်းလည်း အိမ်ကိုမပြန်ချင်ဘူးမလား ကိုယ့်အိမ်မှာ အလုပ်လာလုပ်ပါလားလို့ ပြောမလို့ပါကွာ" ထိုအခါမှ ကောင်ငယ်လေးက

"အကိုတစ်ကယ်ပြောတာလားဟင် ကျွန်တော့်ကို အကိုအိမ်မှာ အလုပ်လေးပေးပါ ကျွန်တော် လစာမယူပါဘူး ကျွန်တော့်ကို နေစရာနဲ့ စားစရာလေးပေးရင် ရပါပြီ" ထိုအခါ ဘုန်းမာန်ရှိန်က ပြုံး၍

" အဲ့တာဆို သဘောတူလိုက်ပြီနော် ဆေးရုံကဆင်းရင်  ကိုယ့်အိမ်တစ်ခါတည်း လိုက်ခဲ့ "

ဖြူစင်သော အချစ်Onde histórias criam vida. Descubra agora