ဖြူစင်သော အချစ် Part_10 ( Uni/Zaw )

78 1 0
                                    

Part_10 ( Unicode )

ဒီနေ့က နောင်ရိုးငယ်၏ အဖွား ၁ လပြည့်ဖြစ်သည်။

"အကို ပြီးပြီလား"

"အင်း ကိုယ်ပြီးပြီ ပေးကိုယ့်ကို ချိုင့်ပေး မင်းပူကုန်မှာ ဖြင့်"

"အကို က ကားမောင်းမှာလေး ကျတော်ပဲ ဆွဲထားလိုက်ပါ့မယ် အပန်းကြီးတာ မှမဟုတ်တာ"

ထို့နောက် ခြံထဲတွင် ပန်းပင်ရေဖြန်းနေသော ဖိုးထားအား

"ဖိုးထူး အမြန်လာစမ်း"

"ဟုတ်ကဲ့ အကိုလေး ကျတော့်ကို ဘာခိုင်းမလို့လဲဗျ"

"နောင်ရိုးငယ်ဆီက ချိုင့်ဆွဲ ပြီး ဘုန်းကြီးကျောင်း လိုက်ခဲ့ "

"ဟုတ်ကဲ့" ထိုအခါမှ နောင်ရိုးငယ် ဖိုးထူးအား ဆွမ်းချိုင့်ပေးလိုက်ရသည်။

ကားပေါ်တွင်

"ပြောပါဦး ကိုယ် ဘယ်ကျောင်းကို ပို့ပေးရမလဲ"

"ကျတော့်ကို သာသနာ့သုခရာမကျောင်းတိုက်ကြီးကို ပို့ပေး အဲ့က ကျောင်းတိုင်ဘုန်း"က ကျတော့်ကို ငယ်"ကတည်းက စာသင်ပေးတာ"

"ဟုတ်ပြီ" ထို့နောက် ဘုန်းမာန်ရှိန် နောင်ရိုးငယ် ထိုင်ခုံ ခါးပတ် မပတ် ထားသည်ကို တွေ့၍ ကိုယ်ကို အနည်းငယ် ယိမ်း၍ ခါးပတ် ပတ်ပေးလိုက်ရာ အမှတ်တမဲ့ နောင်ရိုးငယ်၏ နှုတ်ခမ်းနှင့် သူ ၏ ပါး ထိမိသွားသည်။

နောင်ရိုးငယ်မှာ ရှက်လွန်း ၍ ပါးနှစ်ဖက်စလုံး နီရဲလာပြီ ဖြစ်သည်။

ဘုန်းကြီးကျောင်း အရောက်

"ဘုန်း"ဘုရား တပည့်တော်ကို မှတ်မိပါရဲ့လားဘုရား"

"မှတ်မိတာပေါ့ကွ ကိုယ်တော် စာသင်ပေးခဲ့တဲ့ ကလေးလေးကို မမှတ်မိပဲ နေပါ့မလား"

"ဟီး" ထို့နောက် နေ့ဆွမ်း ကပ်ပြီး ပြန်ထွက်လာရာ ဘုန်းကျောင်း မုဘ်ဝ ၌ အနောက်မှ အဒေါ်တစ်ယောက်က လှမ်းခေါ်၍ နောင်ရိုးငယ် လှည့်ကြည့်လိုက်မသည်။

"ဟင် အန်တီ ကြည်ပါလား" သူ့အဖွားရှိစဥ်တုန်းက သူတို့အိမ်မျက်စောင်းထိုးလေးမှာနေတဲ့ ဒေါ်မာကြည် ကို တွေ့လိုက်ရ၍ နောင်ရိုးငယ် ဝမ်းသာ မိသွားသည်။

ဖြူစင်သော အချစ်Where stories live. Discover now