ဖြူစင်သော အချစ် Part_2 ( Uni/Zaw)

185 4 0
                                    

Part_2 ( Unicode )

အချိန်တွေ ရာသီ အလီ"ပြောင်းလဲလာရာ နောင်ရိုးငယ်လေးသည် ၁၅ နှစ်အရွယ်၌ ဘဝကံကြမ္မာ၏ လှိုင်းတံပိုးရိုက်ခတ်ခြင်းကိုခံရသည်။

" အဖွားရေ...သားပြန်လာပြီ " ဟူသောအသံနှင့်အတူ နောင်ရိုးငယ်မှာ သူ့အဖွားသိပ်ကြိုက်သော နန်းကြီးသုပ် ဗူးလေးကို လက်အနောက်၌ ဝှက်၍ အိမ်အရှေ့ ကွပ်ပျစ်ပေါ်၌ ထိုင်နေ၍ သူ့အဖွား၏ဆူငေါက်သည့်အသံမျှော်နေရှာသည်။

သို့သော် အဖွား၏ ဆူငေါက်မည့်အသံကိုမကြားရသည့်အပြင် အိမ်ထဲ၌ လှုပ်ရှားမှုမတွေ့ရသောအခါ အမြန်ပြေးတက်ကြည့်တော့သည်။

" အော်...အဖွားကအိပ်နေတာပဲ ။ တော်ပါသေးရဲ့ ငါဆက်အော်ခေါ်နေရင် အဖွားလန့်နိုးသွားလိမ့်မယ် "ဟု ပြောရင်း ပုဆိုးအဟောင်းလေးကိုပုခုံးပေါ်တင်ကာ အိမ်နောက်ဖေး ရေကပြင်၌ ရေချိုးရန် ထွက်လာသည်။

ရေချိုးပြီး အိမ်ပေါ်သို့ပြန်တက်လာသောအခါ၌လည်း အဖွားနိုးမလာသေးသောအခါ နောင်ရိုးငယ်၏ စိတ်ထဲ ဘဝင်မကျဖြစ်လာသည်။

" ဟင် အဖွားအခုထိ မနိုးသေးပါလား ဘယ်တုန်းကများ ညနေစောင်းကြီး အိပ်တတ်လို့လဲ"ဟုပြောရင်း အဖွားအိပ်နေရာသို့ လာကာ လှုပ်နှိုးလေတော့သည်။
သို့သော် အဖွားဖြစ်သူမှာ တုတ်"မျှမလှုပ်သည့်အပြင် ခြေလက်များပါ အေးစက်လို့နေလေသည်။ နောင်ရိုးငယ် စိတ်များကယောင်ခြောက်ချားဖြစ်ရင်း အိမ်ရှေ့ မျက်စောင်းထိုးအိမ်မှ ဒေါ်မာကြည်အား အကူအညီလှမ်းတောင်းသည်။

"အန်တီကြည် သားကိုကူညီပါဉီး အဖွားသားကိုစိတ်ဆိုးနေတာထင်တယ် သားခေါ်နေတာမထူးဘူး သားကိုကူပြောပေးပါဉီး" ဟု​ငို၍ ပြောနေရှာသည်။

ဒေါ်မာကြည်လည်းသုတ်ချေတင်ပြေးလာပြီး အိမ်ပေါ်သို့ ရောက်ရာ သူမထင်သည့်အတိုင်း ဒေါ်စောမှာ ဆုံးသွားရှာလေပြီ။

" သား နောင်ရိုးလေး စိတ်ခိုင်"ထားနော် သားအဖွားမရှိတော့ဘူးသား သားအဖွားနေမကောင်းတာ ကြာနေပြီ သားမသိဘူးလား။ မနက်ကတောင် သားသွားပြီးမကြာသေးခင် သူချောင်းတွေ ဆိုးနေတာ အန်တီတောင် ကြားမိလိုက်သေးတယ်။"

ဖြူစင်သော အချစ်Where stories live. Discover now