ဖြူစင်သော အချစ် Part_16 ( Uni/Zaw )

77 4 0
                                    

Part_16 ( Unicode )

"အကို့ပုံက အဆင်ပြေမဲ့ပုံ မပေါ်ပါဘူး ကျတော် အဝတ်အစားထုတ်ထားလိုက်မယ် ရေချိုးလိုက် အဲ့တာမှ လန်းသွားမှာ"ထို့နောက် ဘုန်းမာန်ရှိန် သူ့ရှေ့မှာ လူကြီးလေးလို ဆူနေသူအား စိတ်မရှည်တော့၍
မျက်စိရှေ့တည့်တည့်သို့ ဆွဲလှည့်ပြီး ငုံ့ကာ နမ်းလိုက်သည။

"ဟင်"နောင်ရိုးငယ် လန့်သွားသည်။ထို့နောက် အနည်းငယ် အနောက်ဆုတ်လိုက်ရာ

"အာ ကိုယ်တောင်းပန်ပါတယ် ကိုယ်မရဘ်ရွယ်ပါဘူး"မျက်လုံးအပြူးသားဖြင့်ကြည့်နေသော နောင်ရိုးငယ်အား ဘုန်းမာန်ရှိန် တစ်ယောက်တောင်းပန်နေသည်။ထို့နောက်

"ရတယ် ဘာမှမဖြစ်ဘူး ကျတော် ညအိပ်ဝတ်စုံ ထုတ်ထားတယ် အမူးပြေအောင် ပျားရည်ပူ"လေး သွား​ဖျော်လိုက်ဦးမယ်နော်"နောင်ရိုးငယ် ရှက်ရှက် အခန်းထဲမှ ပြောချင်ရာဇွတ်ပြောပြီး ခပ်သုတ်သုတ် ထွက်လာသည်။

"ဟာကွာ ငါဘာတွေ လုပ်မိသွားတာလဲကွာ ဘုန်းမာန်ရှိန် အသိစိတ်အမြန်ပြန်ကပ်စမ်းကွာ"ဘုန်းမာန်ရှိန် သူ့ခေါင်းသူပြန်ထုပြီး တစ်ယောက်တည်းပြောနေသည်။ထို့နောက် ရေချိုးသန့်စင်ပြီး နောင်ရိုးငယ်ထုတ်ထားပေးသည့် အဝတ်ကိုဝတ်နေသည်။ပြီးနောက်

ဒေါက် ဒေါက် ဒေါက်

"အကို ကျတော် ပျားရည်ပူ"လေး လာပို့တာပါ"

"ဝင်ခဲ့လေကွာ"

"ဟုတ်ကဲ့"ထို့နောက်

"ကျတော် ခုံပေါ်မှာ တင်ခဲ့မယ်နော် ဘာမှ လုပ်စရာမရှိတော့ရင် ကျတော် အိပ်တော့မယ်နော်"

"ဒီမှာပဲအိပ်လိုက်"

"ဟင်"

"အော် တစ်မျိုးမထင်ပါနဲ့ကွာ ကိုယ်နေမကောင်းချင်သလိုဖြစ်နေလို့ တစ်ခုခုဆိုရင် မင်းကို လုပ်ခိုင်းလို့ရအောင်ပါကွ ကြီး"မြက လူကြီးဆိုတော့ မနှောင့်ယှက်သင့်တော့ဘူးမလား"

"အော် ဟုတ်ကဲ့"

"လော"ဆယ် ကိုယ်ဗိုက်ဆာတယ် နေ့လည်ထဲက ဘာမှ မစားရသေးဘူး"

"ဘာမှတော့မရှိတော့ဘူးဗျ ဒီလိုလုပ်ပါလား ကျတော် ခေါက်ဆွဲပြုတ်ပေးမယ်လေ"

ဖြူစင်သော အချစ်Where stories live. Discover now